MSME လုပ်ငန်းအနေဖြင့် ဆောင်ရွက်လျက်ရှိသည့် ကျောက်စိမ်းဝေ စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်း၏ တံမြတ်စည်းလုပ်ငန်းအတွက် ပံ့ပိုးငွေများပေးအပ်

ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ နေပြည်တော်သမဝါယမဦးစီးဌာနအနေဖြင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍစုံမှဆောင်ရွက်လျက်ရှိရာ ညွှန်ကြားရေးမှူး ဒေါ်ဆုယဉ်မြင့်၊ ပျဉ်းမနားမြို့နယ်၊ သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ်၊ သနပ္ပင်ဆိပ်ကျေးရွာ၌ MSME လုပ်ငန်းအနေဖြင့် တံမြတ်စည်း ချော/ကြမ်းကုန်ထုတ်လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် ကျောက်စိမ်းဝေ စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းထံ ကုန်ကြမ်းပစ္စည်းများ ဝယ်ယူရာတွင် အထောက်အကူဖြစ်စေရန်အတွက် သမဝါယမအသင်းအချင်းချင်း ပံ့ပိုးငွေကျပ်(၃၀၀)သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ပင်လုံမြို့၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ဉာဏ်ရည်ထက်မှာတွေ့အောင်ရှာ ဉာဏစွမ်းရည်ပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၌ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို  ဉာဏ်ရည်ထက်မှာတွေ့အောင်ရှာ ဉာဏစွမ်းရည်ပြိုင်ပွဲကို ယမန်နေ့နေ့လယ် (၁)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်ဦး မိုင်းရယ်မြို့နယ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး တွေ့ဆုံဆွေးနွေး

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) တာဝန်ခံ ဦးမြင့်ဦးသည် လားရှိုးခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ လိုက်ပါ၍ ယနေ့ နံနက် (၁၁) နာရီက မိုင်းရယ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် ‌မိုင်းရယ်မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မိုင်းရယ်မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မဲရုံမှူး၊ ဒု-မဲရုံမှူးများနှင့်တွေ့ဆုံပြီး မိုင်းရယ်မြို့နယ်တွင် အပိုင်း(၂) ဖြင့်ဆောင်ရွက်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပရေး ဆွေးနွေးသည်။

ပန်းတောင်းမြို့နယ်အတွင်းရှိ မဲရုံများသို့ ပြည်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် ​ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၂) အောင်မြင်စွာ ကျင်းပနိုင်ရေး ရပ်ကွက်/ ကျေးရွာများသို့ ကွင်းဆင်းစစ်ဆေးခြင်းနှင့် လိုအပ်ချက်များ ညှိနှိုင်းဆောင်ရွက်ပေးခြင်းကို ယနေ့နံနက်ပိုင်းက ပြည်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သူရနှင့် တာဝန်ရှိသူများက တာဝန်ကျမဲရုံများရှိ မဲရုံမှူးများ၊ ဒု-မဲရုံမှူးများ၊ အဖွဲ့၀င်များနှင့် ချိတ်ဆက်ဆောင်ရွက်ခဲ့သည်။

ကလောမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ဆွေးနွေးပွဲ ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ်သည် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၂) တွင် ပါဝင်လျက်ရှိပြီး ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြုနိုင်ရေးဆွေးနွေးပွဲကို ဒီဇင်ဘာလ ၃၀ ရက်နေ့ နံနက် ၉ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ရာ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့သည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၂) ကျင်းပပြုလုပ်မည့် မြို့နယ်များအတွက် Battery များ အားသွင်းခြင်းလုပ်ငန်းနှင့် MEVM စက် Installation လုပ်ငန်းစဉ်များ ဆောင်ရွက်နေမှုကြည့်ရှုစစ်ဆေး

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမျိုးမောင် (ရှမ်းအရှေ့တာဝန်ခံ) သည် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ရွေးကောက်ပွဲအပိုင်း (၂) ကျင်းပပြုလုပ်မည့် မြို့နယ်များအတွက် ကျိုင်းတုံပညာရေးဒီဂရီကောလိပ်၊ သီရိမင်္ဂလာခန်းမတွင် မဲပေးစက်ဆိုင်ရာကျွမ်းကျင်မှုအဖွဲ့၊ နည်းပညာအထောက်အကူပြုအဖွဲ့များ၊ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်မှ အရာထမ်း၊ အမှုထမ်းများ၊ နယ်မြေခံတပ်မတော်သားများစုပေါင်း၍ Batteryများ အားသွင်းခြင်းလုပ်ငန်းနှင့် MEVMစက် Installation လုပ်ငန်းစဉ်များ ဆောင်ရွက်နေမှုကို ဒီဇင်ဘာ ၃၀ ရက်နေ့က ကြည့်ရှုစစ်ဆေးသည်။

(၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲ သုံးခွမြို့၌ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲကို ယမန်နေ့ နံနက် (၁၀) နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။

ခရမ်းမြို့နယ်တွင် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကျောင်းပေါင်းစုံ အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် (၇၈) နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ခရမ်းမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အမှတ် (၃) ရပ်ကွက် ဖူဆယ်အားကစားကွင်း၌ ကျင်းပပြုလုပ်သည်။

သင်္ဃန်းကျွန်းခရိုင် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့၏ တတိယအကြိမ် ခရစ္စမတ်ပွဲတော်ကျင်းပ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့၊ သင်္ဃန်းကျွန်းခရိုင်မှ ကြီးမှူးကျင်းပသော တတိယအကြိမ် ခရစ္စမတ်ပွဲတော်အခမ်းအနားကို ဒီဇင်ဘာလ (၂၇) ရက်နေ့ ညနေပိုင်းအချိန်က ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် ဇ/တောင်ရပ်ကွက် ဝေဇယန္တာအတွင်းလမ်း ဧဝံဂေလိဓမ္မကောလိပ်ကျောင်းဝင်းအတွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ရာ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို) မှ နာယက ဦးညွန့်လှ၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာတူးတူး (ခရစ်ယာန်ဘာသာ)၊ ဒုတိယဥက္ကဋ္ဌ ‌ဦးအောင်ဇော်ဝင်း (အစ္စလာမ်ဘာသာ)၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ရန်ကုန်တိုင်းဒေသကြီး) မှ ဂုဏ်ထူးဆောင်နာယက ဒေါက်တာအေးမင်း၊ တိုင်းဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် အဖွဲ့ဝင်များ၊ သင်္ဃန်းကျွန်းခရိုင်နှင့် မြို့နယ်များမှ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ခရစ်ယာန်ဓမ္မမိတ်ဆွေမိသားစုများ တက်ရောက်ပါဝင်ဆင်နွှဲခဲ့ကြသည်။

ဒေါပုံမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) တွင် အသုံးပြုမည့် MEVM မဲပေးစက်များ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသို့ ရောက်ရှိ

ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) ကို ဇန်နဝါရီလ (၁၁) ရက်နေ့တွင် ကျင်းပဆောင်ရွက်သွားမည်ဖြစ်ရာ ရွေးကောက်ပွဲတွင် အသုံးပြုမည့် MEVM မြန်မာအီလက်ထရောနစ်မဲပေးစက်များ ယနေ့နံနက် ၉ နာရီ ၃၀ အချိန်က စတင်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသို့ ရောက်ရှိကြောင်း သိရသည်။
Subscribe to