ညောင်ရွှေမြို့ လူထုအခြေပြုဗဟိုဌာန ကလေးစာဖတ်ခန်း၌ စကားပုံဆက်ပြိုင်ပွဲ ပြုလုပ်

ညောင်ရွှေ     ဩဂုတ်     ၁၇

ကျောင်းသားလူငယ်လေးများ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စာပေလေ့လာ လိုက်စားခြင်းအလေ့အထကောင်းများ ရရှိလာစေရန်၊ ယှဉ်ပြိုင်ခြင်း အလေ့အထကောင်းများ ရရှိ လာရေန်အတွက် စကားပုံဆက်ပြိုင်ပွဲကို ယမန်နေ့နံနက်(၁၀)နာရီက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနရှိ ကလေးစာဖတ်ခန်း၌ ပြုလုပ်သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညောင်ရွှေမြို့နယ်ရုံး ဒုတိယဦးစီးမှူး ဦးမောင်မောင်က ပြိုင်ပွဲကျင်းပပေးရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီးနောက် ပြိုင်ပွဲကို စတင်ရာ Grade-5 ကျောင်းသား/ ကျောင်းသူ (၂၅)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့သည်။

ပြိုင်ပွဲအပြီးတွင် ဆုရရှိကြသည့် ကျောင်းသား/ ကျောင်းသူများအား ဒုတိယဦးစီးမှူးနှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ခဲကြောင်း သိရှိရသည်။

စိုင်းအယ်ဘဲ