ကော့သောင်းမြို့၊ ပုလုံးတုံတုံးကျေးရွာ ရန်ကြီးအောင်ဘုန်းတော်ကြီးသင်ပညာသင်ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး၊‌ ‌ဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲကျင်းပ

ကော့သောင်း ဩဂုတ် ၁

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၊ ပုလုံးတုံတုံးကျေးရွာ ရန်ကြီးအောင်ဘုန်းတော်ကြီးသင်ပညာသင်ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး၊‌‌ဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြပွဲကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မေဇင်ဦးက စာဖတ်စွမ်းရည်မြင့်မားတိုးတက်စေရန်နှင့်အသိပညာဗသုတများ တိုးပွားစေရန် အားလပ်ချိန်များတွင်ဗဟုသုရရှိသည့် စာအုပ်စာစောင်များအား ဖတ်ရှုလေ့လာရန်၊ ကျောင်းသား/သူများအနေဖြင့် ကျောင်းစာပညာရပ်များသာမက ဗလငါးတန်နှင့်ပြည်စုံရန် အကျင့်စာရိတ္တကောင်းမွန်ပြီးအသိဉာဏ်ဖွံဖြိုးသူများဖြစ်စေရန် ပြင်ပစာအုပ်၊ စာပေတို့ကို‌လေ့လာရန်နှင့် စာဖတ်ခြင်း၏ အကျိုး‌ ကျေးဇူးများအကြောင်း‌နှင့် ပတ်ဝန်းကျင်ထိမ်းသိမ်းရေးအတွက် အမှိုက်များစနစ်တကျ စွန့်ပစ်တက်ရန်နှင့်အမှိုက်၊ ပလတ်စတစ်များ၏ ဆိုးကျိုးများအကြောင်း အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက်ကျောင်းသား/သူများက စွန့်ပစ်အမှိုက်များကြောင့် ဖြစ်ပေါ်လာသည့် နောက်ဆက်တွဲဆိုးကျိုးများနှင့် ပလတ်စတစ်ဆိုးကျိုးများအကြောင်း အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)