ညောင်လေးပင်မြို့နယ်၌ အာဟာရရက်သတ္တပတ်လှုပ်ရှားမှုအခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်မိခင်ကလေးစောင့်ရှောက်ရေးအသင်းတို့ပူးပေါင်း၍ အာဟာရရက်သတ္တပတ်လှုပ်ရှားမှုအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

မြောက်ဥက္ကလာပမြို့နယ်ရှိ အမှတ်(၄၀)အခြေခံပညာမူလတန်းကျောင်းတွင် နယ်လှည့်စာကြည့်တိုက်အ‌ကြောင်း အသိပညာပေးဟောပြော

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်ရှိ အမှတ်(၄၀)အခြေခံပညာမူလတန်းကျောင်းတွင် နယ်လှည့်စာကြည့်တိုက်အကြောင်း အသိပညာပေးဟောပြောခြင်းကို ယနေ့ နေ့လယ် ၁ နာရီအချိန် အဆိုပါကျောင်းတွင် ပြုလုပ်ခဲ့သည်။

ကြံခင်းမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အရှိန်အဟုန်ဖြင့်ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အရှိန်အဟုန်ဖြင့် ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ်ဆေးခတ်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့မရပ်ကွက်နှင့် ရွာသစ်ရပ်ကွက်တို့အား ပူးပေါင်းအဖွဲ့မှ ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် e-Government ဦးစီးကော်မတီ (၁/၂၀၂၄) လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီး e-Government ဦးစီးကော်မတီ (၁/၂၀၂၄)လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး e-Government စနစ် အကောင်အထည်ဖော်ရေး ဦးစီးကော်မတီ နာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး e-Government စနစ် အကောင်အထည်ဖော် ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ကော်မတီအတွင်းရေးမှူးများနှင့် အဖွဲ့ဝင်များ တက်ရောက်ကြကြောင်း သိရသည်။

ကြံခင်းမြို့ရှိ မူလတန်းကြိုကျောင်းများအား ခရိုင်/မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့ပေါ်ရပ်ကွက်များရှိ ကိုယ်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများအား ယနေ့နံနက်ပိုင်းက ခရိုင်/မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများက  ကွင်းဆင်းစစ်ဆေး ကြည့်ရှုခဲ့သည်။

ဥတ္တရခရိုင် ပြည်သူ့စာကြည့်တိုက်၌ သဘာဝဘေးအန္တရာယ် လျော့ပါးရေး အသိပညာပေး Talk Show ဆောင်ရွက်

ဥတ္တရခရိုင် ပြည်သူ့စာကြည့်တိုက်၌“‌‌သဘာဝဘေးအန္တရာယ် လျော့ပါးရေး အသိပညာပေး Talk Show ဆောင်ရွက် ဥတ္တရသီရိ ဩဂုတ် ၁၆ အောင်မျိုးဝင်း(ပြန်/ဆက်)

တွံတေးမြို့နယ် အ.ထ.က(၁)တွံတေး၌ တက္ကသိုလ်ဝင်တန်းတွင် ဂုဏ်ထူးရရှိသူများနှင့် ကျောင်းတွင်ထူးချွန်သူများအား ဆုချီးမြှင့်ပွဲကျင်းပ

​ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းတွင် ဂုဏ်ထူးရသူများနှင့် ကျောင်းတွင်းပညာရည်ချွန်ဆုပေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ယုဇနခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကလိန်အောင်မြို့ လူထုအ‌ခြေပြုဗဟိုဌာနတွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာ‌ပေးဟောပြောပွဲ၊ နံရံကပ်၊ စာအုပ်စာ‌စောင်ပြပွဲနှင့် ပြိုင်ပွဲများပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာ‌ပေးဟောပြောပွဲ၊ နံရံကပ်၊ စာအုပ်စာစောင်ပြပွဲနှင့်ပြိုင်ပွဲများကို ယနေ့မွန်းလွဲ ၁ နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
Subscribe to