သင်္ဃန်းကျွန်းမြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် အားကစားပစ္စည်း ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ

သင်္ဃန်းကျွန်း       ဩဂုတ်        ၁၇

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ ကျောင်းသား/သူ လူငယ်လူရွယ်လေးများအနေဖြင့် အားကစားနည်းလမ်းများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး အားကစားစိတ်ဓာတ် ပိုမိုကြွယ်၀လာ‌စေရန် ရည်ရွယ်၍ ယမန်နေ့နံနက် ၁၀ နာရီက အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး (သင်္ဃန်းကျွန်း)၏ စီစဉ်မှုဖြင့် အားကစားနည်းလမ်းများ၏ အသုံးဝင်ပုံ၊ အားကစားပြုလုပ်ခြင်းဖြင့် လူငယ်များအတွက် ရရှိလာနိုင်သော ကောင်းကျိုးများစသည့် အသိပညာပေး‌ ဆွေးနွေးဟောပြောပွဲကို သင်္ဃန်းကျွန်းမြို့နယ်ရှိ  အမှတ် (၁)  အခြေခံပညာအထက်တန်းကျောင်း သပြေခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံနေရေးဦးစီးဌာန သင်္ဃန်းကျွန်းမြို့နယ် ဦးစီးအရာရှိ ဒေါ်ဝါဝါဝင်းမြိုင်က စာဖတ်ခြင်း၏ အကျိုးကျေးဇူးခေါင်းစဉ်ဖြင့် စာပေယဉ်ကျေးမှုထွန်းကားသော လူမျိုးသည် လူ့အဖွဲ့အစည်းအတွင်း တင့်တယ်စွာနေထိုင်နိုင်ကြကြောင်း၊ စာအုပ်စာပေကို ဖတ်ရှုလေ့လာသူမှာ ဗဟုသုတဉာဏ်ပညာများကိုရရှိပြီး မိမိဘဝ၏ အခက်အခဲပြဿနာများကို ဝေဖန်ပိုင်းခြားနိုင်ကြောင်း၊ ယနေ့ခေတ် လူငယ်များအနေဖြင့် ‌တစ်‌နေ့တာအားလပ်ချိန်များတွင် စာအုပ်စာပေကို ဖတ်ရှုလေ့လာသင့်ကြောင်း၊ စာပေဗဟုသုတများစွာရှိခြင်းကြောင့် မိမိတို့၏ အနာဂတ် ပိုမိုကောင်းမွန်‌လာနိုင်ကြောင်းတို့ကို အသေးစိတ် ရှင်းလင်းဆွေးနွေးဟောပြောခဲ့သည်။

ထို့အတူ သင်္ဃန်းကျွန်းမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ အားကစားမှူး ဦးမျိုးလင်းအောင်မှ အားကစားစတင်ပေါ်ပေါက်လာပုံ၊ အားကစားပြုလုပ်ခြင်းမှ ရရှိလာနိုင်သော အကျိုးကျေးဇူးများစသည်တို့ကို အကျယ်တဝင့် ဟောပြောဆွေးနွေးခဲ့သည်။

ထို့နောက် သင်္ဃန်းကျွန်းမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ အားကစားမှူး ဦးမျိုးလင်းအောင်က  အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းသို့ အားကစားဆိုင်ရာ ပစ္စည်းများ လက်ဆောင်ပေးအပ်ခဲ့ပြီး  ဟောပြောပွဲ အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ပညာ‌ရေးဌာနမှ တာ၀န်ရှိသူများ၊ သင်္ဃန်းကျွန်းမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ အားကစားမှူး ဦးမျိုးလင်းအောင်နှင့်  ဝန်ထမ်းများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ   စုစုပေါင်းအင်အား ၃၀၀ ဦး  တက်ရောက်ခဲ့ပြီး ကျောင်းသား/သူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် ဓာတ်ပုံပြပွဲနှင့် နံရံကပ်စာ‌စောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိပါသည်။

သိန်းအောင် (ပြန်/ဆက်)