ရွှေတောင် သြဂုတ် ၁၇
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ၂၀၂၄-ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၂၈) မြို့နယ်နှင့် တက္ကသိုလ်များ၊ ပညာရေးဒီဂရီကောလိပ်များ၊ အသက် (၁၈) နှစ်အောက်နှင့် အသက် (၂၀) နှစ်အောက် အမျိုးသား/ အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲတွင် ပြည်ခရိုင် ကိုယ်စားပြု ရွှေတောင်မြို့နယ်မှဆုရ ကျောင်းသား၊ ကျောင်းသူများအား ယမန်နေ့ နေ့လယ်ပိုင်းက ဂုဏ်ပြုကြိုဆိုပွဲ ကျင်းပခဲ့သည်။
အဆိုပါ ကြိုဆိုပွဲသို့ ခရိုင်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ၊ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ ရွှေတောင်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ၊ ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီး များ၊ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက ကြိုဆိုခဲ့ကြသည်။
ရွှေတောင်မြို့နယ်မှ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား အမျိုးသား/ အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု (၁၀) ဆု၊ ငွေတံဆိပ်ဆု (၆) ဆုနှင့် ကြေးတံဆိပ်ဆု (၁) ဆု၊ အမျိုးသားတံခွန်စိုက်ဖလားနှင့် အမျိုးသမီးတံခွန်စိုက် ဒုတိယဆုရရှိခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်မှ ဂုဏ်ပြုချီးမြှင့်စကားပြောကြား၍ ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်က ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ပြီး အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲတွင် ဆုရကျောင်းသား၊ကျောင်းသူများ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။
ကိုကိုမင်း (ပြန်/ဆက်)