စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြို့မရွှေဂူဘုန်းတော်ကြီးကျောင်းတိုက်အတွင်းရှိ စန္ဒရံသီကျောင်းဆောင်ပြုပြင်မွမ်းမံခြင်းနှင့် ကျောင်းဝင်းအတွင်းရှိလမ်းများအား ကတ္တရာလမ်းခင်းခြင်း ရေစက်ချလှူဒါန်းပွဲ အခမ်းအနားကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ မုံရွာမြို့၊ မြို့မရွှေဂူဘုန်းတော်ကြီးကျောင်း တိုက်အတွင်းရှိ လွန်ခဲ့သော (၇၄) နှစ်ကတည်ဆောက်ခဲ့ပြီး ပျက်စီးယိုယွင်းနေသော စန္ဒရံသီကျောင်းဆောင်အား ရှေးမူလပုံစံမပျက်ပြုပြင်မွမ်းမံခြင်းနှင့် ကျောင်းဝင်းအတွင်းရှိ လမ်းများအား ကတ္တရာလမ်းခင်း၍ ရေစက်ချလှူဒါန်းပွဲ အခမ်းအနားကို သြဂုတ်လ ၂၉ ရက်၊ နံနက်ပိုင်းတွင် အဆိုပါကျောင်းတိုက်ကြီးရှိ သီရိရံသီကျောင်းဆောင်၌ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးတရားသူကြီးချုပ်ဦးဇော်ထူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။