မုဒုံမြို့၌ မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောပွဲကျင်းပ

မုဒုံ သြဂုတ် ၂၉

မွန်ပြည်နယ် မုဒုံမြို့တွင် မှုခင်းကျဆင်းရေးအသိပညာပေးဟောပြောပွဲကို ယနေ့နံ နက် ၁၀ နာရီက အ.ထ.က(ကော့ပရံ)စာသင်ကျောင်းခန်းမ၌ ပြုလုပ်သည်။

ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ြမင့်မြင့်မော်က အဖွင့်အမှာစကားပြောကြားပြီး မုဒုံမြို့မရဲစခန်းမှူး ဒုရဲမှူးဝင်းထွဋ်အောင်က သတင်းအတု၊ သတင်းအမှားအကြောင်း၊ အွန်လိုင်းပေါ်တွင် ဖြစ်ပေါ်နေသည့် မှုခင်းရေးရာများအကြောင်းကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ဒုရဲမှူး မျိုးတင့်က မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါးအန္တရာယ်၊ သုံးစွဲခြင်းဖြင့်ရရှိမည့် ဆိုးကျိုးများနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်းကို ပြောကြားသည်။

ဆက်လက်၍ အမှတ် (၇၇) ယာဥ်ထိန်းရဲတပ်ဖွဲ့စိတ် (မုဒုံ)မှ ကျောင်းသား/သူများ ယာဥ်အန္တရာယ်ကင်းရှင်းစေရန်နှင့် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများကို သိရှိလိုက်နာဆောင်ရွက်ကြရန်ပြောကြား၍ ကျောင်းသား/သူများမှ သိရှိလိုသည်များ မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)