မအူပင် ဩဂုတ် ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် စည်ပင်သာယာရေးအဖွဲ့မှ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအား အထောက်အကူပြုစေရန်နှင့် အမှိုက်များအားစနစ်တစ်ကျစွန့်ပစ်နိုင်စေရန် ဆောင်ရွက်ထားရှိမှုများအား လိုက်နာဆောင်ရွက်မှုရှိစေရန် ယနေ့နံနက် (၁၀) နာရီက မြို့ရှောင်လမ်းတစ်လျှောက် ပြေးဆွဲလျက်ရှိသည့် မော်တော်ဆိုင်ကယ်များနှင့် အဝေးပြေးကားများပေါ်တွင် စီးနင်းလိုက်ပါလာသည့်ခရီးသည်များအား အသိပညာပေး ကွင်းဆင်းစစ်ဆေးသည်။
အဆိုပါကွင်းဆင်းစစ်ဆေးမှုအား စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးအေးသိန်း၏ ကြီးကြပ်မှုဖြင့် စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများမှ ရန်ကုန်-မအူပင် ပြေးဆွဲလျက်ရှိသော အဝေးပြေးကားများအား ကားပေါ်တွင် အမှိုက်ပုံးများထားရှိစေရေး၊ ကားပေါ်မှ ပလပ်စတစ်အိတ်များ၊ အမှိုက်များမပစ်ချစေရေးနှင့် ကွမ်းတံတွေးထွေးချမှု များမရှိစေရေး၊ ကွမ်းယာအိတ်များ၊ အမှိုက်များမပစ်ချစေရေးနှင့် မော်တော်ဆိုင်ကယ်စီးနင်းသူများအား ကွမ်းတံတွေးများမထွေးချစေရေး၊ ပလပ်စတစ်အမှိုက်များမပစ်ချစေရေးအား အသိပညာပေးကွင်းဆင်း စစ်ဆေးခဲ့ကြကြောင်းသိရသည်။
အောင်မြင့်မြတ် (ပြန်/ဆက်)