မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့၌ ဆေးရုံများတွင် ပြည်သူများ အသုံးပြုမှု ပိုမိုအားကောင်းလာပြီး ဆေးရုံများမှ ဆောင်ရွက်ပေးသော ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများအား အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် ဆေးရုံမိသားစုနေ့ (Hospital Family Day) အခမ်းအနားကို ယနေ့ နံနက် ၈ နာရီအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။