ကြံခင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးအုပ်ချုပ်ရေးမှူးနှင့်စာရေးများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ကြံခင်း စက်တင်ဘာ ၁

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ စာ‌ရေးဝန်ထမ်းများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဩဂုတ်လ ၃၀ ရက်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဧရာဦးခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်က မိုးနေကြာဧက(၁၀၀၀)ပြည့်မီစွာစိုက်ပျိုးနိုင်ရေး၊ သမဝါယမစနစ်နှင့် ကုန်ထုတ်လုပ်ငန်းနည်းပညာများ နည်းလမ်းအလိုက် ဆောင်ရွက်ကြရန်၊ (အပတ်စဉ်)စနေနေ့တိုင်းစုပေါင်းသန့်ရှင်းရေးအား အလေးထားဆောင်ရွက်ရန်၊ မိမိဌာန ရုံးပတ်ဝန်းကျင်တွင်လည်း သန့်ရှင်းသပ်ရပ်မှုရှိစေရေး ဆောင်ရွက်ကြရန်၊ သွေးလွန်တုပ်ကွေးကြိုတင်ကာကွယ်အရေးလုပ်ငန်းအား အပတ်စဉ်ပူးပေါင်းဆောင်ရွက်ပေးကြရန်၊ မိမိနယ်မြေဒေသအတွင်း လုံခြုံရေးအား အထူးဂရုပြုနိုင်ရေးဆောင်ရွက်ရန်၊ မော်တော်ယာဉ်များအား စည်းကမ်းတကျမောင်းနှင်နိုင်ရေးအတွက် လိုင်စင်သက်တမ်းတိုးဖို့နှင့် စက်တင်ဘာလကုန်အထိ စစ်ဆေးဆောင်ရွက်သွားမှာဖြစ်ကြောင်း ဆွေးနွေးပြောကြားပြီးနောက်၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူးသောင်းထွဋ်လွင်က ပြည်သူ့စစ်မှုထမ်းဆောင်ရမည့်အသက်အပိုင်းခြား၊ ရပ်ရွာလုံခြုံရေးအတွက် ဖွဲ့စည်းဆောင်ရွက်မည့် ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်မှုကာကွယ်နှိမ်နင်းရေးဖွဲ့ရန် အသက်(၃၅)မှ(၆၅)ထိ ပြည်သူများအား စနစ်တကျစီစစ်ဆောင်ရွက်မည့်အခြေအနေ၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ဂရုစိုက်သွားလာပြီး ဆောင်ရွက်ကြရန်အားလည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးဇော်မင်းက ၂၀၂၅ခုနှစ်၊ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြေပြင်လူဦးရေစာရင်း မှန်ကန်စွာကောက်ယူနိုင်ရေး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးနိုင်ရေးအားလည်ကောင်း ဆွေးနွေးပြောကြားပါသည်။

ထို့နောက် တက်ရောက်လာကြသော ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် တင်ပြဆွေးနွေးကြပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက တင်ပြဆွေးနွေးမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)