ကဝမြို့နယ်တွင် ၂၀၂၄ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေး

ကဝ စက်တင်ဘာ ၂

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၄ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများထုတ်ချေးခြင်းကို ယနေ့နံနက်(၁၀)နာရီက ကဝမြို့နယ်ငါးထပ်ကြီးဘုရားရင်ပြင်တော်ပေါ်တွင် ဆောင်ရွက်ခဲ့သည်။

ပထမဦးစွာ ကဝမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာဦးမင်းနိုင်က ချေးငွေထုတ်တောင်သူများ သိရှိလိုက်နာရမည့် ဘဏ်ချေးငွေဆိုင်ရာ စည်းမျဥ်း၊ စည်းကမ်းများအား ရှင်းလင်းပြောကြားပြီး ၂၀၂၃ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများအား အကြေအလည်ပေးဆပ်ပြီးဖြစ်သည့် သင်ဘန်းကန်ကျေးရွာအုပ်စုအတွင်းမှ တောင်သူ (၁၈၃)ဦးအတွက် လယ်မြေတစ်ဧကလျှင် ၁၅၀၀၀၀/- ကျပ်နှုန်းဖြင့် လယ်မြေဧက(၁၁၆၆)ဧကအတွက် စုစုပေါင်းငွေကျပ် ၁၇၄၉၀၀၀၀၀/-(ကျပ်တစ်ထောင့်ခုနစ်ရာလေးဆယ့်ကိုးသိန်း)ကို ထုတ်ချေးပေးခဲ့ကြောင်း ကဝမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ သိရသည်။

ရဲဇော်ဟိန်း(ပြန်/ဆက်)