ရွှေတောင်မြို့နယ်တွင် မွေးမြူရေးချေးငွေရယူလိုသူ မွေးမြူရေးခြံများ၏ လုပ်ငန်းလည်ပတ်နေမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေး

ရွှေတောင် စက်တင်ဘာ ၂

ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ(မြို့နယ်မွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ) ဦးဟံဝင်းအောင်နှင့်အဖွဲ့များက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ (ပြည်ထောင်စု) မတည်ထောက်ပံ့ငွေမှ မွေးမြူရေးချေးငွေရယူလိုသူ မွေးမြူရေးခြံများ၏ လုပ်ငန်းလည်ပတ်နေမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့သည်။

အဆိုပါစစ်ဆေးရာတွင် ရွှေတောင်မြို့နယ်၊ ဝါးတောကျေးရွာအုပ်စု၊ ဖားအိုင့်ကျေးရွာရှိ ဦးစိုးမင်းထွန်း၏ အသားတိုးဝက်ကောင်ရေ(၁၀၀) မွေးမြူထားရှိမှုအခြေအနေများ၊ ရွှေတောင်မြို့နယ်၊ ကြို့ကုန်းကျေးရွာအုပ်စု၊ ကြို့ကုန်းကျေးရွာရှိ ဒေါ်မြင့်မြင့်ဝင်း၏ နို့စားနွားကောင်ရေ(၂၀)မွေးမြူထားရှိမှုအခြေအနေများ၊ ရွှေတောင်မြို့နယ်၊ အိုးထိမ်းကုန်းကျေးရွာအုပ်စု၊ ချော့ခေါ်ကျေးရွာရှိ ဦးကျော်ဇေယျ၏ ဆိတ်ကောင်ရေ(၁၀၀) မွေးမြူထားရှိမှုအခြေအနေများ၊ ရွှေတောင်မြို့နယ် ကြာနီကန်ရပ်ကွက်၊ တည်ကုန်းရွာမလမ်းရှိ ဒေါ်ဇင်မာဝင်း၏နို့စားနွားကောင်ရေ(၂၀) မွေးမြူထားရှိမှုအခြေအနေများ၊ ရွှေတောင်မြို့နယ်၊ ကြာနီကန်ရပ်ကွက်၊ တည်ကုန်းရွာသစ်လမ်းရှိ ဦးအောင်မျိုးမင်း၏ အသားတိုးကြက်ကောင်ရေ(၆၀၀၀) မွေးမြူထားရှိမှုအခြေအနေများ၊ ရွှေတောင်မြို့နယ် ကြာနီကန်ရပ်ကွက်၊ တည်ကုန်းရွာမလမ်းရှိ ဒေါ်ဝင်းစပယ်၏ အသားတိုးကြက်ကောင်ရေ(၃၀၀၀) မွေးမြူထားရှိမှုအခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ(ပြည်ထောင်စု) မတည်ထောက်ပံ့ငွေမှ ချေးငွေလျှောက်ထားသည့် မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများအား သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ကိုက်ညီမှုရှိ/မရှိတို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ ဆက်)