မြစ်သား စက်တင်ဘာ ၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် မြို့မအရှေ့ရပ်ကွက်/ကင်းတားဝန်း လမ်းမကြီး(ဝဲ၊ယာ) တစ်လျှောက်၌ မိုးရာသီကာလအတွင်း ရေကြီး၊ ရေလျှံမှုများ မဖြစ်ပေါ်စေရန်နှင့် ရေမြောင်း ပိတ်ဆို့မှုမရှိစေရန် ရည်ရွယ်၍ ရေဆိုးထုတ်အုတ်ရေမြောင်းများ တည်ဆောက်ခြင်း လုပ်ငန်းကို ယနေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ စတင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြစ်သားမြို့နယ် မြို့မအရှေ့ရပ်ကွက်/ကင်းတားဝန်း လမ်းမကြီး (ဝဲ၊ယာ) တစ်လျှောက်၌ ရေစီးရေလာ ကောင်းမွန်မှု မရှိခြင်းကြောင့် လမ်းမပေါ်ရေတင်ကာ ရပ်ကွက်နေ ပြည်သူများ သွားလာရေး အခက်အခဲ ဖြစ်နေသဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူ၍ အုတ်ရေမြောင်းများ ပြုလုပ်ကာ ရေစီးရေလာ ကောင်းမွန်စေရန် ရေဆိုးထုတ်အုတ် ရေမြောင်းတူးဖော်၍ ဆောင်ရွက်ပြီးစီးပါက မိုးတွင်း ကာလ ရေစီးရေလာ ကောင်းမွန်စေမည့်အပြင် လူနေအိမ်များအတွင်း ရေကြီးရေလျှံမှုများ ကင်းဝေး စေမည်ဖြစ်ကာ ရေတိုက်စားမှုကြောင့် လမ်းပျက်စီးမှုများလည်း လျော့နည်းသက်သာစေမည်ဖြစ် ကြောင်း မြစ်သားမြို့နယ် စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)