ညောင်လေးပင် စက်တင်ဘာ ၂
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယမန်နေ့မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန်က မြို့နယ်စာရေးဆရာအသင်းမှ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲနှင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါအခမ်းအနားတွင် မြန်မာနိုင်ငံစာရေးဆရာအသင်း(ဗဟို)အလုပ်အမှုဆောင်၊ မြို့နယ်စာရေးဆရာအသင်း(နာယက) ဒေါက်တာမြင့်သန်း(ညောင်လေးပင်)က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စာရေးဆရာအသင်းအဖွဲ့ဝင် ဦးလှမြင့်(လှမြင့်ဦး-ညောင်လေးပင်)က လစဉ်ပြုလုပ်လျက်ရှိသော လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့်ပက်သက်၍ ဆွေးနွေးပြောကြားရာ တတ်ရောက်လာသည့် အဖွဲ့ဝင်များမှပြန်လည်ဆွေးနွေးခဲ့ကြသည်။
၎င်းနောက် စာဖတ်ဝိုင်းဆက်လက်ဆွေးနွေးရာ မြို့နယ်စာရေးဆရာအသင်းအဖွဲ့ဝင်များမှ စာရေးဆရာမ"ခင်စောတင့်" ရေးသားထားသည့် "စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့်အတွေးအမြင်စာစုများ" စာအုပ်ထဲမှ ဆောင်းပါးများအားအသီးသီးဆွေးနွေးသွားခဲ့ကြပြီး မြန်မာနိုင်ငံစာရေးဆရာအသင်း(ဗဟို)အမှုဆောင်နှင့် မြို့နယ်စာရေးဆရာအသင်း(နာယက) ဒေါက်တာမြင့်သန်း(ညောင်လေးပင်)မှ နိဂုံးချုပ်စကားပြောကြားခဲ့သည်။
မြို့နယ်(ပြန်/ဆက်)