ရေအသုံးချသူများအဖွဲ့ (WUG) အသင်းဝင်များအား သင်တန်းပို့ချခြင်းနှင့် တူညီဝတ်စုံများ ပေးအပ်ခြင်းအခမ်းအနား ကျင်းပ

အမရပူရ စက်တင်ဘာ ၄

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ တမုတ်ဆိုးကျေးရွာအုပ်စု၊ ဂျိုကျေးရွာ ကွင်းအမှတ် (၅၇၀ခ)၊ ပေါက်အင်းကွင်းအတွင်းရှိ စိုက်ခင်းရှင်းလင်းဆောင်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ရေအသုံးချသူများ အဖွဲ့(WUG) အသင်းဝင်များအား သင်တန်းပို့ချခြင်းနှင့် တူညီဝတ်စုံများပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

 အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးညွန့်ဦးမှ အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်ပြီး အခမ်းအနားသို့ တက်ရောက်လာသည့် ဌာနဆိုင်ရာအကြီးအကဲများမှ ရေအသုံးချသူများအဖွဲ့ ဖွဲ့စည်းခြင်းနှင့်ပတ်သက်၍ အသိပညာပေးအကြောင်းအရာများ ရှင်းလင်းပြောကြားပြီး တက်ရောက်လာသည့် တောင်သူများနှင့် ရေအသုံးချသူများအဖွဲ့(WUG) အသင်းဝင်များအား သင်တန်းပို့ချခြင်း၊ တူညီဝတ်စုံများ ပေးအပ်ခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများကို ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးညွန့်ဦး၊ မြို့နယ်မြေစာရင်း ဦးစီးဌာနမှ ဦးစီးမှူး ဦးဆယ်တင်၊ မြို့နယ်ဆည်မြောင်းဦးစီးဌာနမှ ဦစီးအရာရှိ ဦးမျိုးဇော်ဝင်း၊ စက်မှုလယ်ယာဦးစီးဌာနမှ ဦးစီးမှူး ဦးသွင်မောင်မောင်ထွန်း၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူးဓဒါက်တာ ဒေါ်မိုးဆွေရီ၊ တမုတ်ဆိုးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်ဇော်နှင့် တောင်သူ (၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

စိုးသီဟ(အမရ)