ချမ်းအေးသာစံမြို့နယ်တွင် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုများ(တိုင်းဒေသကြီးအဆင့်) အထိမ်းအမှတ် အခမ်းအနား ကျင်းပ

မန္တလေး စက်တင်ဘာ ၄

၂၀၂၄/၂၀၂၅ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုများ(တိုင်းဒေသကြီးအဆင့်) အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ အမှတ်(၁၆)အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမတွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင်ဇနီး ဒေါ်မမ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီများနှင့်၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းနိုင်၊ တိုင်းဒေသကြီးပညာရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးထွန်း၊ ခရိုင်/မြို့နယ်ပညာရေးမှူးများ၊ ခရိုင်/မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးမှူးများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

အစီအစဉ်အရ အ.ထ.က (၁၄) မှ ကျောင်းသား၊ ကျောင်းသူများ၏ “အဓိကမျှော်တွေးကျန်းမာရေး” အဖွင့်သီချင်းဖြင့် သီဆိုဖျော်ဖြေသည်။ ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားပြီး ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုများ မှတ်တမ်းဗွီဒီယိုကို ပြသသည်။

၎င်းနောက် တိုင်းဒေသကြီးအဆင့် အထက်တန်းနှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသူ၊ ကျောင်းသားများအား ဝန်ကြီးချုပ်နှင့်ဝန်ကြီးများက ဆုများ ချီးမြှင့်ပေးကြကာ စုပေါင်းအမှတ်တရဓာတ်ပုံရိုက်ကူးကြသည်။

ထို့နောက် ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကျောင်းသား၊ ကျောင်းသူများအား Vitamin-A တိုက်ကျွေးခြင်း၊ သံဓာတ်အားဆေးတိုက်ကျွေးခြင်းများ ဆောင်ရွက်ကြပြီး ကျောင်းကျန်းမာရေးရက်သတ္တပါတ်လှုပ်ရှားမှု ပြခန်းငယ်အား လှည့်လည်ကြည့်ရှုကြကြောင်း သိရသည်။

မြင့်မော်ထွန်း(အောင်စံ၊ပြန်/ဆက်)