ကော့သောင်းမြို့တွင် “ကလေးသူငယ်ချန်မထား လူကုန်ကူးမှုတိုက်ဖျက်သွား” Billboardများ စိုက်ထူ

ကော့သောင်း စက်တင်ဘာ ၄

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင်၂၀၂၄ ခုနှစ်၊ စက်တင်ဘာ(၁၃)ရက်နေ့တွင် ကျရောက်မည့် (၁၂) ကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမှတ် (၂) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ်(ကော့သောင်း)မှ (၁၂) ကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ ဆောင်ပုဒ်ဖြစ်သည့် “ကလေးသူငယ်ချန်မထား လူကုန်ကူးမှုတိုက်ဖျက်သွား” ဗီနိုင်းပိုစတာ Billboard စိုက်ထူခြင်းများကို ကော့သောင်းမြို့  အဏ္ဏဝါရပ်ကွက်ရှိ မြို့မတံတား၊ သီရိမြိုင်ရပ်ကွက်ရှိ (၃) မိုင်အဝေးပြေးကားဝင်းနှင့် ကော့သောင်းမြို့ လေဆိပ်တို့တွင် ပြုလုပ်ခဲ့သည်။

အဆိုပါ ဗီနိုင်းပိုစတာ Billboard စိုက်ထူခြင်းအခမ်းအနားသို့ ခရိုင်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့၊ ဒုတိယဥက္ကဋ္ဌ ဒုတိယရဲမှူးကြီး မြတ်မင်းထွေး၊ မြို့နယ်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ချို၊ အတွင်းရေးမှူး ဒုတိယရဲမှူး သန်းနိုင်ဦးနှင့် ခရိုင်/ မြို့နယ်လူကုန်ကူးမှုတားဆီးကာကွယ်ရေး အဖွဲ့ဝင် (၂၀) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)