လှည်းကူးမြို့နယ်တွင် သက်ကြီးရွယ်အိုများ အပတ်စဉ် ကျန်းမာရေးစောင့်ရှောက်မှုပေး

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီတို့ ပေါင်းစပ်မှုဖြင့် သက်ကြီးဘိုဘွားများအား ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းနှင့် ကျန်းမာရေးစောင့်ရှောက်ပေးမှုများကို ယမန်နေ့ နံနက် (၉) နာရီမှ နေ့လယ် (၁၂) နာရီထိ မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကျောက်တန်းမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် နွေရာသီယဥ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန၌ နွေရာသီယဥ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ဖွင့်လှစ်သင်ကြားပေးကြောင်း သိရသည်။

မိုင်းယောင်းမြို့၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး

လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့က ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၌ ကျင်းပခဲ့သည်။

မရမ်းကုန်းမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး မြရတနာဈေးဆိုင်ခန်းများအား လိုက်လံစစ်ဆေး

ပူပြင်းသောနွေရာသီအချိန်ကို ရောက်ရှိလာပြီဖြစ်သောကြောင့် မီးဘေးအန္တရာယ်များ ကြိုတင်ကာကွယ်ရန်နှင့် မီးလောင်မှုများမဖြစ်ပေါ်စေရန် မြို့နယ်မီးသတ်ဦးစီးဌာနက အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ မတ်လ ၃၁ ရက်နေ့ညနေ ၆ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက် မြရတနာစျေးတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

တန်ခူးလဆန်း ၁၄ ရက်နေ့ည ရွှေဆံတော်စေတီတော်မြတ်ကြီး၌ ဘုရားဖူးများဖြင့် စည်ကား

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့ရှိ ရှေးဟောင်းသမိုင်းဝင် ဆံကေသာဓာတု ဆံတော်ခြောက်ဆူ ကိန်းဝပ်တော်မူသော ရွှေဆံတော်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော် တန်ခူးလပြည့်နေ့ ယမန်နေ့ညပိုင်းတွင် ဘုရားဖူးလာရောက်ကြသည့် ဘုရားဖူးများဖြင့်စည်းကားလျက်ရှိကြောင်း သိရသည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ နွေရာသီ အခြေခံအားကစားသင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ ၂၀၂၆ ခုနှစ် နွေရာသီ အ‌ခြေခံအားကစားသင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီက မြို့နယ်ဖူဆယ်အားကစားရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ နွေရာသီဗုဒ္ဓဘာသာယဉ်ကျေးမှု အခြေခံသင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြိုနယ်၊ (၂၁)ရပ်ကွက်၊ မြရတနာလမ်းရှိ အမှတ်(၁၂)အခြေခံပညာအလယ်တန်းကျောင်းတွင် နွေရာသီ ဗုဒ္ဓဘာသာယဉ်ကျေးမှု အခြေခံသင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀:၀၀) နာရီတွင် ကျင်းပသည်။

တာမွေမြို့နယ်တွင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ချီးမြှင့်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများအား ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရေး ကြီးကြပ် ဆောင်ရွက်ရာတွင် စိတ်အားထက်သန်စွာ ပါဝင်ဆောင်ရွက်ခဲ့သူများအား ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ကျေးဇူးတင် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌  ကျင်းပပြုလုပ်ခဲ့သည်။

တာမွေမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် နွေရာသီအင်္ဂလိပ်သဒ္ဒါနှင့် စကားပြော (အတတ်သင်)သင်တန်းဆင်းပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ စီစဉ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်ခဲ့သည့် နွေရာသီအင်္ဂလိပ်သဒ္ဒါနှင့် စကားပြော(အတတ်သင်) သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းအချိန်က အဆိုပါ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

သဲကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ကိုယ်ကာယကျန်းမာကြံ့ခိုင်စေရန် အခြေခံအေရိုးဗစ် (Fitness dance) သင်တန်းဖွင့်လှစ်

ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ကျောင်းသားလူငယ်များ ဘက်စုံဖွံ့ဖြိုးစေရန်၊ ကျန်းမာ၊ ကြံ့ခိုင်သန်စွမ်းသောလူငယ်များ ပေါ်ထွန်းလာ​စေရန်ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် (၉)နာရီအချိန်က အခြေခံအေရိုးဗစ် (Fitness dance) သင်တန်းဖွင့်လှစ်ခဲ့သည်။
Subscribe to