ကျောက်တန်း ဧပြီ ၂
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန၌ နွေရာသီယဥ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ဖွင့်လှစ်သင်ကြားပေးကြောင်း သိရသည်။
ဦးစွာ သင်တန်းဖွင့်ပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးသန့်ဇင်ထွန်းက နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသား၊ ကျောင်းသူ မျိုးဆက်သစ်လူငယ်များအတွက် ယဥ်ကျေးမှုနှင့် စာရိတ္တမြှင့်မားစေရန်ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။
ထို့နောက် သင်တန်းနည်းပြဆရာ ဦးအောင်ကို၀င်းက ကျောင်းသား၊ ကျောင်းသူကလေးငယ်များ၏ ကိုယ်ကျင့်စာရိတ္တတိုးတက်ကောင်းမွန်ပြီး ယဥ်ကျေးသိမ်မွေ့သော လူအဖွဲ့အစည်းတစ်ရပ်ဖြစ်ထွန်းလာစေရန် သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ နွေရာသီယဥ်ကျေးလိမ်မာသင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ (၂၀) ဦး တက်ရောက်သင်ကြားလျက်ရှိပြီး သင်တန်းကာလမှာ ၂-၄-၂၀၂၆ ရက်နေ့မှ ၁၀-၄၂၀၂၆ ရက်နေ့ထိ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရပြီး သင်တန်းအပြီးတွင် တက်ရောက်လာသော သင်တန်းသူ၊ သင်တန်းသားများက မြို့နယ်ရုံးမှ ပြသထားသော အသိပညာပေးနံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာကြည့်ရူလေ့လာခဲ့ကြကြောင်း သိရသည်။
နေလင်းကျော် (ပြန်/ဆက်)