တန်ခူးလဆန်း ၁၄ ရက်နေ့ည ရွှေဆံတော်စေတီတော်မြတ်ကြီး၌ ဘုရားဖူးများဖြင့် စည်းကား

တွံတေး ဧပြီ ၁

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့ရှိ ရှေးဟောင်းသမိုင်းဝင်ဆံကေသဓာတု ဆံတော်ခြောက်ဆူ ကိန်းဝပ်တော်မူသော ရွှေဆံတော်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော် တန်ခူးလပြည့်နေ့ ယမန်နေ့ညပိုင်းတွင် ဘုရားဖူးလာရောက်ကြသည့် ဘုရားဖူးများဖြင့်စည်းကားလျက်ရှိကြောင်း သိရသည်။

၁၃၈၇ ခုနှစ် တန်ခူးလဆန်း ၁၄ ရက်၊ မတ်လ ၃၁ ရက်နေ့အချိန်တွင် တွံတေးမြို့ ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ဆံကေသာဓာတု ဆံတော်ခြောက်ဆူကိန်းဝပ်တော်မူသော ရွှေဆံတော်စေတီတော်မြတ်ကြီး၏ (၂၅၉၅) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်တွင် ဘုရားဖူးလာပြည်သူအပေါင်းက မြတ်စွာဘုရားရှင်အားရည်မှန်း၍ ပန်း၊ ဆီမီး၊ အမွှေးနံ့သာများဖြင့် ထွန်းညှိပူဇော်ကြပြီး ရွှေဆံတော်စေတီတော်မြတ်ကြီးတွင် နှစ်စဉ်နှစ်တိုင်း အနယ်နယ်အရပ်ရပ်မှ ဘုရားလာကြသည့် ဘုရားဖူးများဖြင့် စည်းကားလျက်ရှိကြောင်း သိရသည်။ ရွှေဆံတော်စေတီတော်မြတ်ကြီးကို အများပြည်သူများ စိတ်အေးချမ်းသာစွာ ဘုရားဖူးနိုင်ရန် ရွှေဆံတော်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို မတ်လ(၂၈)ရက်နေ့ ဧပြီလ(၅) ရက်အထိ(၉)ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ ဗုဒ္ဓပူဇနိယပွဲတော်တွင် စျေးဆိုင်ခန်းများ၊ ပျော်ပွဲရွှင်ပွဲများ၊ အားကစားပွဲများနှင့် ဇာတ်ပွဲများ ပါဝင်ကြောင်း သိရသည်။

မျိုးလှိုင် (တွံတေး)