ကျုံပျော်၌ အစိုးရပါဠိပထမပြန်စာမေးပွဲ စာအောင်ဆု ဆက်ကပ်လှူဒါန်းပွဲကျင်းပ
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ကျင်းပပြုလုပ်သည့် ၂၀၂၅ ခုနှစ် အစိုးရပါဠိပထမပြန် စာမေးပွဲတွင် ဖြေဆိုအောင်မြင်ကြသည့် သံဃာတော်နှင့် သီလရှင်များထံသို့ စာအောင်ဆု ဆက်ကပ်လှူဒါန်းပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့၊ မြဝတီရပ်ကွက် မြတ်ချမ်းသာ ဘုရားတန်ဆောင်းအတွင်း၌ ဧပြီလ ၁ ရက် မွန်းလွဲ ၃ နာရီခွဲ အချိန်က ပြုလုပ်သည်။