တာမွေမြို့နယ်တွင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ချီးမြှင့်

တာမွေ ဧပြီ ၁

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများအား ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရေး ကြီးကြပ် ဆောင်ရွက်ရာတွင် စိတ်အားထက်သန်စွာ ပါဝင်ဆောင်ရွက်ခဲ့သူများအား ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ကျေးဇူးတင် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌  ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အတွင်းရေးမှူး ရဲမှူးခင်မောင်ထွန်းကအဖွင့်အမှာစကားပြောကြားခဲ့ကြောင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမျိုးအောင်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ် ချီးမြှင့်ခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း၊ ဆက်လက်၍ မြို့နယ်အဆင့် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်း ကြီးကြပ်ရေး အဖွဲ့ဝင်များဖြစ်သည့် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်းနှင့် ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် အတွင်းရေးမှူးတို့အား ဂုဏ်ပြု မှတ်တမ်းလွှာများကို တာဝန်ရှိသူများက အသီးသီးပေးအပ်ချီးမြှင့််ခဲ့ရာ မြိုနယ်အဆင့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းကြီးကြပ်ရေးအဖွဲ့ဝင်များ၊  ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် အတွင်းရေးမှူးတို့က လက်ခံရယူခဲ့ကြသည်။ 

ထို့နောက် ရပ်ကွက်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများကိုယ်စား ရပ်ကွက်ရွေးကောက်ပွဲ‌ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ တစ်ဦးက ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ချီးမြှင့်ခြင်းအပေါ် ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့သည်။ အဆိုပါ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ချီးမြှင့်ခြင်းအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် အတွင်းရေးမှူးတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မို့မို့အောင် (ပြန်/ဆက်)