လေးမျက်နှာမြို့နယ်၌ အ​​ခြေခံပညာမူလတန်းကျောင်း မြစ်ကျိုးဝကျောင်းဆောင်သစ်ဖွင့်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် အခြေခံပညာမူလတန်းကျောင်း-မြစ်ကျိုးဝ (၈၀×၃၀)ပေ RCC (၁)ထပ် ကျောင်းဆောင်သစ်ဖွင့်ပွဲအား ယနေ့နံနက်ပိုင်းက ဖွင့်လှစ်ခဲ့သည်။

ပျော်ဘွယ်မြို့နယ်၌ သောက်ရေသန့်လုပ်ငန်းများအနေဖြင့် ကောင်းမွန်သော ထုတ်လုပ်မှုကျင့်စဉ်နှင့်အညီ ဆောင်ရွက်နိုင်ရန် အသိပညာပေးဆွေးနွေး

ပျော်ဘွယ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍ မြို့နယ်အတွင်း သောက်ရေသန့်လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နေသည့်လုပ်ငန်းရှင်များ အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ ကောင်းမွန်သောထုတ်လုပ်မှု ကျင့်စဉ်နှင့်အညီဆောင်ရွက်နိုင်ရန် လမ်းညွှန်ချက်များအား အသိပညာပေးဆွေးနွေးခြင်းကို ဧပြီလ ၂ ရက်၊ မွန်းလွဲ ၁ နာရီခွဲက အဆိုပါဦးစီးဌာနရုံးတွင် ကျင်းပသည်။

ငပုတောမြို့နယ်၌ စီမံကိန်းလုပ်ငန်းများ ချပြရှင်းလင်းခြင်းနှင့် လုပ်ငန်းလွှဲပြောင်းခြင်း အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနရုံး အစည်းဝေးခန်းမတွင် ယနေ့နံနက်ပိုင်းက စီမံကိန်းလုပ်ငန်းများချပြရှင်းလင်းခြင်းနှင့် လုပ်ငန်း လွှဲပြောင်းခြင်း အခမ်းအနားကျင်းပပြုလုပ်သည်။

ကလေးဝမြို့တွင် ချင်းတွင်းဖလားအလွတ်တန်း ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့တွင် ၁၃၈၈ ခုနှစ် အတာသင်္ကြန်းနှစ်သစ်ကူးပွဲတော်အထိမ်းအမှတ် ချင်းတွင်းဖလား အလွတ်တန်း ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ၃ နာရီက အမှတ် ၁ ရပ်ကွက်ရှိ မြို့နယ်အားကစားကွင်းကြီး၌ ပြုလုပ်ခဲ့သည်။

ကုန်သွယ်မှုပမာဏအများဆုံးစီးဆင်းရာ ဘားအံ-ကော့ကရိတ်-မြဝတီ (အာရှလမ်းပိုင်း) အား ပြန်လည်ဖွင့်လှစ်

ကရင်ပြည်နယ်၏ အဓိကဆက်သွယ်ရေးလမ်းမကြီးဖြစ်သော နိုင်ငံတကာဆက်သွယ်ရေးလမ်းမကြီး၊ မဟာမဲခေါင်ဒေသ (ခွဲ) အရှေ့-အနောက်စီးပွားရေးစင်္ကြံ (Greater Mekong Sub-region East–West Economic Corridor) လမ်းပိုင်းတွင်ပါဝင်သည့် ဘားအံ-ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးကို ဧပြီလ ၂ ရက်နေ့ နံနက် ၈ နာရီက ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကျော်လင်းမောင်နှင့် တာဝန်ရှိသူများက ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။

ထန်းတပင်မြို့နယ်၌ သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြောကျဉ်းရောဂါဝေဒနာရှင်များအတွက် ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၏ အစီအစဥ်ဖြင့် မြို့နယ်အတွင်းရှိ သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြောကျဉ်းရောဂါဝေဒနာရှင်များအတွက် အပတ်စဥ် ဗုဒ္ဓဟူးနေ့ရက် နံနက် ၈ နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံ၊ ရိပ်သာဆောင်ခန်းမ၌ ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။

ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အခမ်းအနားမှူးသင်တန်း ဖွင့်လှစ်

နွေရာသီကျောင်းပိတ်ရက်များအတွင်း ကျောင်းသားကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် အခမ်းအနားမှူးသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့‌ နေ့လယ် ၁ နာရီက ကျင်းပပြုလုပ်ခဲ့ရာ ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မင်း‌ဦးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။

မုံရွာခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် AI အသုံးချမှု နည်းပညာသင်တန်းဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ရုံးများမှဝန်ထမ်းများ ခေတ်နှင့်အမီ လိုက်ပါဆောင်ရွက်နိုင်ရေး၊ AI နည်းပညာကိုအသုံးပြုပြီး ဌာန၏ လုပ်ငန်းများအောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးနှင့်ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားရေးတို့အတွက် ရည်ရွယ်လျက် AI အသုံးချနည်းပညာသင်တန်းဖွင့်ပွဲ‌ကို ယနေ့မွန်းလွဲ ၁ နာရီကမုံရွာခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြုလုပ်ခဲ့သည်။

ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍  ကျောင်းသား/ ကျောင်းသူများ ကျောင်းစာအပြင် အသိပညာဗဟုသုတများပြည့်စုံစေရန် ယနေ့မွန်းလွဲ (၂) နာရီက ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ချမ်းမြသာစည်မြို့နယ်၌ အစိုးရပါဠိပထမပြန်စာမေးပွဲ ဖြေဆို

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကျင်းပသည့် ၂၀၂၆ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲ ပထမအကြီးတန်း၊ ပထမအလတ်တန်းနှင့် ပထမအငယ်တန်းကို ယနေ့မွန်းတည့် ၁၂ နာရီက အမှတ် (၃၄) အခြေခံပညာအထက်တန်းကျောင်းတွင် ဆက်လက်ဖြေဆိုလျက်ရှိသည်။
Subscribe to