ဒဂုံမြိုသစ်(တောင်ပိုင်း)မြို့နယ်၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြိုသစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြိုနယ်တွင် ယမန်နေ့နံနက် (၁၁)နာရီက (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို အခြေခံပညာကျောင်းများနှင့် ပြည်သူများစည်ကားရာ နေရာများဖြစ်သော အနှေးယာဉ်ဂိတ်၊ ဈေးဆိုင်များနှင့် YBS မှတ်တိုင်များတွင် ခရီးသွားပြည်သူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အခမဲ့ လိုက်လံဖြန့်ဝေကြကြောင်း သိရသည်။