ဒဂုံအရှေ့ ဧပြီ ၁
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ ၂၀၂၆ ခုနှစ် နွေရာသီ အခြေခံအားကစားသင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီက မြို့နယ်ဖူဆယ်အားကစားရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန့်ဇော်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဦးဦးထွန်းက အားကစားဆိုင်ရာများကို အသိပညာပေးဟောပြောခဲ့သည်။
ဆက်လက်၍ မြန်မ့ာသိုင်း၊ အေရိုးဗစ် သင်တန်းသား၊ သင်တန်းသူများမှ သရုပ်ပြသခဲ့ပြီး အားကစားနည်းအလိုက် သင်တန်းဆင်းလက်မှတ်များနှင့် သင်တန်းနည်းပြဆရာများအား တာဝန်ရှိသူများက ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြာင်းသိရသည်။
နွေရာသီ အားကစားသင်တန်း(၇)မျိုးကို အခြေခံပညာဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ၊ အားကစားဝါသနာရှင် လူငယ်များ တက်ရောက်ခဲ့ပြီး သင်တန်းနည်းပြ ဆရာ၊ ဆရာမများက ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှ မတ်လ ၃၁ ရက်နေ့အထိ လေ့ကျင့်သင်ကြား ဖွင့်လှစ်ပေးခဲ့ပြီး အဆင့်မြှင့်သင်တန်းများကိုလည်း ဧပြီလ ၁ ရက်နေ့မှစတင်၍ ထမ်မံဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အေးမဉ္ဇူ