မိုင်းယောင်း ဧပြီ ၁
လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့က ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၌ ကျင်းပခဲ့သည်။
အဆိုပါဟောပြောပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မျိုးအေးချိုတို့က လူကုန်ကူးမှုနှင့်မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေး၊ ဒေသဖွံ့ဖြိုးရေး၊ နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ကင်းစင်ရေး၊ လူငယ်ရေးရာနှင့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများကိုဟောပြောပြီး မြန်မာ့ရိုးရာမဟာသင်္ကြန်စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး၊ အထွက်နှုန်းပန်းတိုင်ပြည့်မီရေး၊ အုတ်ကြွပ်များ အဆင့်မီထုတ်လုပ်နိုင်ရေး၊ ရော်ဘာ၊ ကော်ဖီနှင့် လက်ဖက်များ ကုန်ချောထုတ်လုပ်နိုင်ရေး ဆွေးနွေးသည်။
ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌတို့သည် မြို့နယ်ထွေ/အုပ်ဝန်ထမ်းများဖြစ်သည့် မြို့နယ်နယ်နိမိတ်ပြင်ပနေသူများ၊ နာတာရှည်မိဘများ၊ ပြည်သူ့စစ်မှုထမ်းတာဝန်ထမ်းဆောင်နေသည့် မြို့နယ်ထွေ/အုပ်ဝန်ထမ်း၏ သား/သမီးများအတွက် ထောက်ပံ့ငွေပေးအပ်ခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း