ညောင်ဦးခရိုင်အတွင်း စာသင်တိုက်များရှိ စာသင်စာချသံဃာတော်များအား လှူဖွယ်ဝတ္တုပစ္စည်းများနှင့် ဝတ္တုငွေများ ဆက်ကပ်လှူဒါန်း

ညောင်ဦး စက်တင်ဘာ ၆

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ခရိုင်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများက ညောင်ဦးခရိုင်အတွင်းရှိ စာသင်တိုက်များတွင် သီတင်းသုံးနေထိုင်လျက်ရှိသောစာသင်၊ စာချသံဃာတော်များအတွက် ဆွမ်းကွမ်းဝေယျာဝစ္စ အဆင်ပြေစွာဆောင်ရွက်နိုင်ရေးအတွက် လှူဖွယ်ဝတ္တုပစ္စည်းများနှင့် ဝတ္တုငွေများ ဆက်ကပ်လှူဒါန်းခြင်းကို ယမန်နေ့နေ့လယ် ၂ နာရီအချိန်က ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ဆက်ကပ်လှူဒါန်းပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဆရာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိတ်သတ်တို့က အခမ်းအနားအား  နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ပြီးနောက် မဟာဝိသုတာရုံတိုက်သစ် တိုက်အုပ်ဆရာတော် ဘဒ္ဒန္တဝါသေဌအရှင်သူမြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ကြွရောက်လာသည့် ဆရာတော်အရှင်သူမြတ်များထံမှ မတ္တာသုတ် ပရိတ်တရားတော် နာယူကြည်ညိုကြပြီး ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်းနှင့် ခရိုင်စီမံအဖွဲ့ဝင်များ၊ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်စည်းရုံးရေးနှင့် မိသားစုစည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်နန့်သီတာချိုဇင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အသင်းဝင်များ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့တို့က လှူဖွယ်ပစ္စည်းများနှင့် ဝတ္တုငွေများ ဆက်ကပ်လှူဒါန်းပြီးနောက် မဟာဝိသုတာရုံတိုက်သစ် တိုက်အုပ်ဆရာတော် ဘဒ္ဒန္တဝါသေဌအရှင်သူမြတ်ထံမှ အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြကာ အခမ်းအနားအား ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်းခဲ့ကြောင်း သိရသည်။

ယခုလှူဒါန်းမှုသည် ညောင်ဦးခရိုင်အတွင်း ခရိုင်အဆင့်ဌာနဆိုင်ရာများက ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ကုလားပဲ၊ ခရမ်းချဉ်သီး၊ အာလူး၊ ကြာဇံ၊ ကြက်ဥ၊ ငါးပိရည်ချို၊ ဆပ်ပြာမှုန့်များနှင့် ဝတ္တုငွေများ လှူဒါန်းခဲ့ကြခြင်းဖြစ်ကြောင်း ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ထံက သိရသည်။

ဒီပါလင်း