ညောင်လေးပင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးရွေ့လျားစာကြည့်တိုက်သုံးဘီးယာဉ်ဖြင့် နယ်လှည့်စာကြည့်တိုက်လုပ်ငန်းဆောင်ရွက်

ညောင်လေးပင် စက်တင်ဘာ ၆

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ရွေ့လျားစာကြည့်တိုက်သုံးဘီးယာဉ်ဖြင့် နယ်လှည့်စာကြည့်တိုက် စာငှား၊ စာဖတ်ဝန်ဆောင်မှုပေးခြင်း အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်များပြသခြင်းများဆောင်ရွက်ခြင်းကို ယမန်နေ့မွန်းလွဲ(၁)နာရီက ညောင်လေးပင်မြို့ အ.လ.က(ခွဲ) တောင်စက်ရုံလမ်းကျောင်း၌ပြုလုပ်သည်။

ရှေးဦးစွာ အ.လ.က(ခွဲ) တောင်စက်ရုံလမ်းကြောင်းမှ ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်နီနီဝင်းက ကျောင်းသားကျောင်းသူများအား စာဖတ်ခြင်းဖြင့်ရရှိနိုင်သော အကျိုးကျေးဇူးများ၊ စာကြည့်တိုက်ကိုအသုံးပြုပြီး စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိလာနိုင်ကြောင်းနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောခြင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက ကျောင်းသားကျောင်းသူများအားစက္ကူပြဇာတ်ဖြင့်ပုံပြင်ပြောခြင်း၊ စာဖတ်ရှိန်မြှင့်တင်ရေးအတွက်ကျောင်းသားကျောင်းသူများအား အသိပညာဗဟုသုတရရှိစေမည့် စာအုပ်စာဆောင်များကိုဖတ်ရှုစေခြင်း လူငယ်ရေးရာအသိပညာပေးနံရံကပ်စာစောင်နှင့် ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး နံရံကပ်စာစောင်များပြသခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)