မက်မန်းမြို့နယ် အောင်သံလွင်ကျေးရွာ (အ.ထ.က)ကျောင်းတွင် လူငယ်ရေးရာဟောပြောပွဲ ကျင်းပ

မက်မန်း စက်တင်ဘာ ၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ် အောင်သံလွင်ကျေးရွာတွင် ကျောင်းသား/ကျောင်းသူလူငယ်များအား အသိပညာဗဟုသုတတိုးပွားစေရေး၊ နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတတ်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိက စွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး၊ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတတ်စေရန်နှင့် လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ လူငယ်ရေးရာဟောပြောပွဲကို ယနေ့နံနက်ပိုင်းအချိန်က မက်မန်းမြို့ အောင်သံလွင်ကျေးရွာ (အ.ထ.က)ကျောင်းတွင် သွားရောက်ကျင်းပခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် မက်မန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းလင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး မက်မန်းမြို့နယ်ပညာရေးမှူးရုံမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးသီတာထိုက်က အသိဉာဏ်ပညာများ ဖွံ့ဖြိုးတိုးတတ်ရန်အတွက် ကျောင်းစာတွင်သာမက ဗဟုသုတရရှိစေမည့် စာပေများကို လေ့လာဖတ်ရှုရန်လိုအပ်ပါကြောင်းနှင့် လေ့လာဖတ်ရှုသင့်သည့် စာပေများအကြောင်းကို ကျောင်းသား၊ ကျောင်းသူအချင်းချင်း အပြန်အလှန်ဆွေးနွေးရန်လိုအပ်ပါကြောင်း‌ ဟောပြောပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာချိုက “လူငယ်နှင့် မျိုးချစ်စိတ်ဓာတ်” ခေါင်းစဉ်ဖြင့် ကျောင်းသား/သူများကို ရှင်းလင်းဟောပြောခဲ့သည်။

အဆိုပါ လူငယ်ရေးရာဟောပြောပွဲတွင် မက်မန်းမြို့နယ် အောင်သံလွင်ကျေးရွာ (အ.ထ.က) ကျောင်းမှ ကျောင်းဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၁၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

စောဥမ္မာ(ခရိုင်၊ ပြန်/ဆက်)