ပင်လုံ စက်တင်ဘာ ၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်မြင်သော ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက်(၉:၀၀)နာရီအချိန်က ကျင်းပခဲ့ပါသည်။
ရှေးဦးစွာ Grade-11 ကျောင်းသူလေးများ၏ "ပန်းများရောင်စုံပွင့်နေပီ" သီချင်းဖြင့် ဖွင့်လှစ်ခဲ့ပြီး လွိုင်လင်ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးကံစောလှိုင်မှ အဖွင့်အမှာစကားပြောကြား၍ ခရိုင်ပညာရေးမှူး ဆရာမကြီး Dr မြင့်မြင့်အေးနှင့် မြို့နယ်ပညာရေးမှူး ဆရာကြီး ဦးသန်းစိုးတို့က အမှာစကားပြောကြားခဲ့ပါသည်။
ဆက်လက်၍ အမှတ်(၁)အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း၊ ပင်လုံ၏ မိဘဆရာအသင်းဥက္ကဋ္ဌ ဦးစိုင်းမွန်းမှ ကျောင်း၏ လုပ်ဆောင်ချက်များအား ရှင်းလင်းတင်ပြခဲ့ပြီးနောက် ဖျော်ဖြေရေးအစီအစဥ်များဖြင့် ဖျော်တင်ဆက်၍ ပညာရည်ချွန်ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။ ထို့နောက် စက်မှု၊ စိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်း ပညာရေးမိသားစုမှ ကျေးဇူးတင်ဂုဏ်ပြုလွှာ ပေးအပ်ခဲ့ကြပြီး အမှတ်(၁) အခြေခံပညာ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး ပထမနှစ်ကျောင်းသူလေးများမှ The Prodigal Son ပြဇာတ်တေးသရုပ်ဖော်ဖြင့် အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။
အဆိုအခမ်းအနားသို့ ခရိုင်အဆင့်/ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းအုပ်ဆရာ/ဆရာများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသားမိဘများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရပါသည်။
မြို့နယ်(ပြန်/ဆက်)