ကျောင်းသား၊ ကျောင်းသူကလေးငယ်များအား ကျန်းမာရေးအသိပညာပေး ဟောပြော

ထန်းတပင်(ရန်ကုန်) စက်တင်ဘာ ၆

ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးအသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောခြင်းကို ယမန်နေ့၊ နံနက်ပိုင်းက အ.ထ.က(ထန်းတပင်)၊ အခြေခံပညာအထက်တန်းကျောင်း၊ လှိုင်ရတနာခန်းမတွင် ကျင်းပသည်။
အသိပညာပေးဟောပြောပွဲတွင် အ.ထ.က(ထန်းတပင်)၊ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးဦးအေးမောင်က အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာန  ဒေါက်တာချယ်ရီအောင်က သွားကျန်းမာရေးနှင့်ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားရသည့်အကြောင်းတို့ကို 
တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူကလေးငယ်များကိုအသိပညာပေးဟောပြောသည်။
ဆက်လက်၍လည်း ဒေါက်တာချယ်ရီအောင်နှင့်ကျန်းမာရေးဝန်ထမ်းများက ကျောင်းသူ၊ ကျောင်းသူကလေးငယ်များ၏ ကျန်းမာရေးကိုကြည့်ရှုစစ်ဆေးပေးခဲ့ကြကြောင်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)