ရန်ကုန် စက်တင်ဘာ ၆
ရန်ကုန်တိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းအစီအစဉ်ဖြင့် အခြေခံစက်ချုပ်နည်းပညာသင်တန်းကို ယမန်နေ့က မှော်ဘီမြို့နယ်၊ သန္ဓေပင်ကျေးရွာတွင် ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးဒေါ်နွယ်နီက ဌာန၏လုပ်ဆောင်နေမှုများ၊ စီမံကိန်းလုပ်ငန်း ဆောင်ရွက်ရခြင်းရည်ရွယ်ချက်များ၊ စီမံကိန်းအကျိုးကျေးဇူးများနှင့် လုပ်ငန်းထူထောင်နိုင်ရန် လုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးမည့် အစီအစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး လုပ်ငန်းထူထောင်မည့်သူများရွေးချယ်ရာတွင် အမှန်တကယ်လုပ်ငန်းထူထောင်မည့်သူများကို ရွေးချယ်ရန်မှာကြားခဲ့သည်။
အဆိုပါသင်တန်းတွင် အခြေခံစက်ချုပ်နည်းပညာသင်တန်းကို (၁)လကြာစာတွေ့(၃၀)ရာခိုင်နှုန်းနှင့် လက်တွေ့(၇၀)ရာခိုင်နှုန်း သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ(၁၅)ဦး တက်ရောက်ခဲ့ကြသလို သင်တန်းဖွင့်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နွယ်နီ၊ မှော်ဘီခရိုင်စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ငုဝါထွထွန်း၊ ဌာနဆိုင်ရာများမှတာဝန်ရှိပုဂ္ဂိုလ်များ၊ စီမံကိန်းလုပ်ငန်းအကောင်အထည်ဖော်ရေးကော်မတီဝင်များ၊ ရပ်မိရပ်ဖများနှင့် သင်တန်းသား/သူများတက်ရောက်ခဲ့ကြောင်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)