မြို့သစ် စက်တင်ဘာ ၁၁
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ပြည်သူများ အသိပညာဗဟုသုတရရှိစေရေး၊ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်မားရေးအတွက် နိုင်ငံတော်၏ လှူဒါန်းထောက်ပံ့ငွေဖြင့် ဆောက်လုပ်လျက်ရှိသည့် မြေပြင်သာကျေးရွာအုပ်စု၊ မြေပြင်သာကျေးရွာ၊ ကျေးလက်စာကြည့်တိုက် ဆောက်လုပ်လျက်ရှိရာ ယနေ့အထိ (၃၀) ရာခိုင်နှုန်းပြီးစီး ပြီဖြစ်ကြောင်း သိရသည်။
မြေပြင်သာကျေးရွာ၊ ကျေးလက်စာကြည့်တိုက်ဆောက်လုပ်ရာတွင် မြို့နယ်အဆင့် စာကြည့်တိုက်များ အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကြီးကြပ်၍ စာကြည့်တိုက် အဆောက်အဦဆောက်လုပ်ရာတွင် သတ်မှတ်ထားသည့် Drawing၊ Design များ အတိုင်းဆောက်လုပ်၍ အရည်အသွေးပြည့်မီစေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးကာ စာကြည့်တိုက် ဆောက်လုပ်မှု အမြန်ပြီးစီးရေး ကျေးရွာစာကြည့်တိုက်ဆောက်လုပ်မှု ကော်မတီဝင်များနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဝင်းအိဇွန် (ပြန်/ဆက်)