ကော့ကရိတ်မြို့၌ စားသုံးဆီများကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိ

ကော့ကရိတ် စက်တင်ဘာ ၁၁

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့၌ ကရင်ပြည်နယ်အစိုးအဖွဲ့၏ အစီအစဉ်ဖြင့် မြို့နယ်အထွေထွေစီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်ကာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အတူ  စားသုံးဆီများကို  မိဘပြည်သူများ သက်သာသောဈေးနှုန်းများဖြင့် အဆင်ပြေချောမွေ့စွာ ဝယ်ယူရရှိနိုင်စေရေးအတွက် ယနေ့နံနက်ပိုင်းအချိန်က ကော့ကရိတ်မြို့၊ အမှတ်(၃)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမရှိ မြို့မဈေး အရှေ့တွင် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထိုသို့ စားသုံးဆီများကို သက်သာသောဈေးနှုန်းများဖြင့် ရောင်းချရာတွင် တစ်ရပ်ကွက်လျှင် စားသုံးဆီ ပိဿာချိန် (၁၀၀)၊ တစ်အိမ်ထောင်စုလျှင် စားအုံးဆီ ၁ ပိဿာ ၇၀၀၀ ကျပ်နှုန်း၊ အိမ်ထောင်စုအလိုက် တန်းစီစနစ်ဖြင့် စတင်ရောင်းချပေးလျက်ရှိပြီး အလားတူ နောက်ရက်များတွင်လည်း ရပ်ကွက်များအလိုက် စားသုံးသူပြည်သူများအား လိုက်လံရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)