ရှမ်းရွာသစ်မြို့ အခြေခံပညာမူလတန်းကျောင်းတွင် မျောက်ကျောက်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ပြုလုပ်

ရှမ်းရွာသစ် စက်တင်ဘာ ၁၁

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျောင်းသား၊ ကျောင်းသူလူငယ်လေးများ မျောက်ကျောက်ရောဂါနှင့် ပတ်သက်၍ အသိပညာ ဗဟုသုတ ရရှိစေရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရည်ရွယ်၍ ယနေ့ နံနက်ပိုင်းက အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်းတွင် မျောက်ကျောက်ဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်ဇင်မိုးအေးက မျောက်ကျောက်ရောဂါ စတင်တွေ့ရှိခဲ့ပုံ၊ မျောက်ကျောက်ရောဂါလက္ခဏာများ၊ ရေကျောက်နှင့် မျောက်ကျောက်ရောဂါတို့၏ တူညီသောလက္ခဏာများ၊ ရောဂါကူးစက်ခံရနိုင်ဖွယ် လူပုဂ္ဂိုလ်များ၊ မျောက်ကျောက်ရောဂါ ဖြစ်ပွားခြင်းမှ ကာကွယ်ရမည့် နည်းလမ်းများ၊ ရောဂါဖြစ်ပွားမှုထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးအသိသတိဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးရမည့် ဆောင်ရန်ရှောင်ရန်အချက်များနှင့် တစ်ကိုယ်ရည် သန့်ရှင်းရေးဆိုင်ရာ အကြောင်းအရာများကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

ထို့နောက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ဝေထားသော မျောက်ကျောက်ရောဂါ အသိပညာပေး လက်ကမ်းစာစောင်များကို ကျောင်းသား၊ကျောင်းသူများ လေ့လာနိုင်ရန်အတွက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)