လှည်းကူး စက်တင်ဘာ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ညှိနှိုင်းဆောင်ရွက်မှုဖြင့် လှည်းကူးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်းဆေးကုဌာနတို့ပူးပေါင်းပြီး မြို့နယ်အတွင်းရှိသက်ကြီးဘိုးဘွားများအား သွေးတိုးရောဂါနှင့် ဆီးချိုရောဂါစစ်ဆေးကုသမှုပေးခြင်းနှင့် တိုင်းရင်းဆေးပညာဖြင့်ကုသပေးခြင်းတို့ကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံကြီး၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာသောင်းဒန်ဦးဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများ၊ တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ပြည့်ပြည့်ဖြိုးနှင့်ဝန်ထမ်းများတို့က သက်ကြီးဘိုးဘွားများကို သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ နှလုံးခုန်နှုန်းများစမ်းသပ်ခြင်း၊ ဆီးချို ရှိ/ မရှိစစ်ဆေးခြင်းများနှင့် သွေးတိုး၊ ဆီးချိုရောဂါနှင့်ပတ်သက်သည့် ဆောင်ရန်၊ ရှောင်ရန်ကျန်းမာရေးဗဟုသုတများမှာကြားခဲ့ပြီး သက်ကြီးဘိုးဘွား(၁၁၀)ဦးအား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပြီး အာဟာရဖွံ့ဖြိုးရေးအတွက် ကြက်သားဆန်ပြုတ်များ ကျွေးမွေးခဲ့သည်။ ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ကုသပေးလျက်ရှိကြောင်း သိရှိရသည်။
အေးအေးနွဲ့ (ပြန်/ဆက်)