ပြည် စက်တင်ဘာ ၁၁
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁ ရက်နေ့တွင်ကျရောက်မည့် နှစ် ၆၀ ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်မြို့၊ အမှတ်(၃၇)မူးယစ်တပ်ဖွဲ့စု(ပြည်)မှတပ်ဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းက ပြည်မြို့ ရတနာဒီပလမ်းရှိ လေးထပ်ပြင်ဘုန်းတော်ကြီးကျောင်း၌ သန့်ရှင်းရေးပြုလုပ်ခြင်းနှင့် ခုတင်(၅၀၀)အထွေထွေရောဂါကုဆေးရုံကြီး သွေးလှူဘဏ်၌ စုပေါင်းသွေးလှူဒါန်းခြင်း အကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် အဆိုပါတပ်ဖွဲ့ဝင်များက ဦးစွ ာလေးထပ်ပြင်ဘုန်းတော်ကြီးဝင်းအတွင်း ပေါင်းမြက်များနှင့်ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်းတို့ကိုဆောင်ရွက်ခဲ့ကြပြီး ဆက်လက်၍ ပြည်မြို့ ခုတင်(၅၀၀)အထွေထွေရောဂါကုဆေးရုံကြီး၊ သွေးလှူဘဏ်သို့သွားရောက်၍ ဇီဝိတဒါနစုပေါင်းသွေးလှူဒါန်းခဲ့ကြကြောင်းသိရသည်။
ကိုဆက်(ပြန်/ဆက်)