မော်လမြိုင်မြို့နယ်၌ နွားမေထုန်မဲ့ သားစပ်သင်တန်းဖွင့်လှစ်

မော်လမြိုင် စက်တင်ဘာ ၁၁

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွန်ပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ စီစဉ်ဖွင့်လှစ်သည့် နွားမေထုန်မဲ့သားစပ်သင်တန်း (၄/၂၀၂၄)ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ပြည်နယ်မွေးမြူရေးနှင့်ကုသရေးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပြည်နယ်မွေးမြူ‌ရေးနှင့်ကုသရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဒေါက်တာနီနီမော်မှ အဖွင့်အမှာစကားပြောကြားပြီး သင်တန်းဖွင့်လှစ်ခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးက မေထုန်မဲ့သားစပ်ခြင်း၏ အဓိပ္ပာယ်အကျိုးကျေးဇူးများနှင့် ဆိုးကျိုးများ၊ နွားမ၏မျိုးပွားအင်္ဂါ၊ မြိုင်သံသရာနှင့်မြိုင်စစ်ဆေးခြင်း၊ မေထုန်မဲ့သားစပ်ခြင်း၊ သန့်ရှင်းမှုဆိုင်ရာဆောင်ရွက်ရန်အချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး အဆိုပါသင်တန်းကို သင်တန်းသား(၁၀)ဦးဖြင့် စက်တင်ဘာလ(၁၁)ရက်နေ့မှ (၁၅)ရက်နေ့အထိ(၅)ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ခရိုင်ပြန်/ဆက်