ဘီးလင်းမြို့နယ်တွင် ဘီးလင်းမြစ်ရေ မြင့်တက်လာမှုကြောင့် ရေဘေးရှောင်စခန်း(၃)ခုဖွင့်လှစ်ထားရှိ

ဘီးလင်း စက်တင်ဘာ ၁၁

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး ဘီးလင်းမြစ်ရေမြင့်တက်လာမှုကြောင့် ရပ်ကွက်၊ ကျေးရွာများရှိ နေအိမ်များသို့ ရေကြီးရေလျှံမှုဖြစ်ပွားကာ ရေဘေးသင့်ပြည်သူများအား ရေဘေးရှောင်စခန်း (၃) ခုဖွင့်လှစ်၍ ပြောင်းရွှေ့နေရာချထားပေးခဲ့ကြောင်း သိရသည်။

ဘီးလင်းမြစ်ရေသည် ယနေ့နံနက်ပိုင်းတွင် ဘီးလင်းမြစ်၏ စိုးရိမ်ရေအမှတ် (၁၀၂၂) စင်တီမီတာအောက် (၁၀၁၀) စင်တီမီတာသို့ ရောက်ရှိလာသည့်အတွက် မြို့ပေါ်ရပ်ကွက် (၂) ခုနှင့် ကျေးရွာ (၁) ရွာတို့တွင် ရေကြီးနစ်မြုပ်မှုဖြစ်ပွားခဲ့သည်။

အဆိုပါ ရေဘေးသင့်ဒေသမှ ပြည်သူများအား မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၏ စီစဥ်မှုဖြင့် တပ်မတော်သားများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ဝင်များက အိမ်ထောင်စု (၁၀၇) စုမှ ကျား (၁၉၅) ဦး၊ မ (၂၁၇) ဦး၊ စုစုပေါင်း (၄၁၂) ဦးတို့အား ယာယီရေဘေးရှောင်စခန်း (၃) ခုသို့ ပြောင်းရွှေ့နေရာချထားခဲ့ကြောင်း သိရသည်။

မြိုနယ် (ပြန်/ဆက်)