ကျိုက်လတ်၌ အားကစားနှင့်ကာယပညာဦးစီးဌာနမှ လူငယ်အသိပညာပေး ဟောပြောပွဲနှင့် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများပြုလုပ်

ကျိုက်လတ် စက်တင်ဘာ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ လူငယ်အသိပညာပေးဟောပြောပွဲနှင့် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းကို စက်တင်ဘာလ(၁၄)ရက်နေ့  နေ့လယ်ပိုင်းက ရုံးဒေါင့်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြတ်နိုးသူက လမ်းလျှောက်ခြင်းနှင့် အားကစားပြုလုပ်ခြင်းကြောင့် ရရှိနိုင်မည့်အကျိုးကျေးဇူးများ၊ လူငယ်နှင့်အားကစား၊ အားကစားနှင့်လေ့ကျင့်ခန်း၏ အဓိပ္ပါယ်၊ အားကစားအမျိုးအစားများ၊ အားကစား၏ ထူးခြားသည့် ဝိသေသများ၊ အားကစားနှင့်ကာယပညာ သိပ္ပံတက်ရောက်နိုင်ရန် လူငယ်တစ်ဦးတွင် ပြည့်စုံရမည့် အချက်အလက်များ အကြောင်းတို့ကို ဟောပြောခဲ့ပြီး အ.ထ.က (ရုံးဒေါင့်)မှ ကျောင်းအုပ်ဆရာမကြီးအား အားကစားပစ္စည်းများပေးအပ်ခဲ့ကာ ကျောင်းသား၊ ကျောင်းသူများကို လေ့ကျင့်ခန်းများ သင်ကြားပေးခဲ့ကြောင်း သိရသည်။

အဆိုပါ လူငယ်အသိပညာပေး ဟောပြောပွဲသို့ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြမြဝင်း၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ (၅၀၀ )ဉီးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

လှိုင်မင်းအောင်(ပြန်/ဆက်)