နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း တပ်ကုန်းမြို့နယ် ရေဘေးကယ်ဆယ်ရေးစခန်းများအား ဆေးဝါးနှင့် အခြားပစ္စည်းများ လိုက်လံထောက်ပံ့

တပ်ကုန်း စက်တင်ဘာ ၁၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်းရှိ ကယ်ဆယ်ရေးစခန်းများတွင် ရေဘေးသင့်ပြည်သူများအတွက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးတို့က အလှူရှင်များမှ လှူဒါန်းသော ဆေးဝါးနှင့်အခြားပစ္စည်းများကို စက်တင်ဘာလ ၁၃ ရက်နေ့ ညနေ ၄ နာရီက အဆိုပါနေရာများတွင် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက ဗိုလ်မင်းရောင်ရပ်ကွက်၊ ချမ်းမြေ့မြိုင်ရိပ်သာကျောင်းတိုက်၊ ကယ်ဆယ်ရေးစခန်းမှ ရေဘေးသင့်ပြည်သူများအား တွေ့ဆုံ၍ အားပေးစကားပြောကြားပြီး ရေဘေးသင့်ပြည်သူ ၆၀၀ ဦးအတွက် ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တသီဟဉာဏထံ ဆေးဝါး၊ စားဆီ၊ အဝတ်အထည်များနှင့် အခြားပစ္စည်းများ ထောက်ပံ့၍လည်းကောင်း၊ မကျီးပင်အ​​​​ခြေခံပညာအထက်တန်း​ကျောင်း၊ ကယ်ဆယ်​​ရေးစခန်းတွင် ​ရေ​ဘေးသင့်ပြည်သူများအား ​တွေ့ဆုံ၍ အား​ပေးစကား​​ပြောကြားပြီး ရေ​ဘေးသင့်ပြည်သူ ၁၂၀၀ ဦးအတွက် ဆေးဝါးများနှင့် အ၀တ်အထည်များထောက်ပံ့ပေးအပ်၍လည်း​ကောင်း၊ မြဝတီရပ်ကွက်၊ မြို့ဦးစာသင်တိုက်၊ ကယ်ဆယ်​ရေးစခန်းတွင် ​ရေ​ဘေးသင့်ပြည်သူများ​တွေ့ဆုံ၍ အား​ပေးစကား​ပြောကြားပြီး ရေ​ဘေးသင့်ပြည်သူ ၁၉၅ ဦးအတွက် ကျောင်းတိုင်ဆရာတော် ဘဒ္ဒန္တ ပဏ္ဍဝထံ ရေဘေးသင့်ပြည်သူများအတွက် လှူဒါန်းသော ဆန် ၁၀ အိတ်၊ ဆီ ၃ ပုံး၊ အလှူငွေကျပ် ၁၀ သိန်းကိုလည်ကောင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

တင်စိုးလွင်