ကလေး စက်တင်ဘာ ၁၆
စစ်ကိုင်းတိုင်ဒေသကြီး၊ ကလေးခရိုင်အတွင်း၌ မိုးများသည်းထန်စွာ ရွာသွန်းလျက်ရှိသောကြောင့် မြစ်သာမြစ်နှင့် ချင်းတွင်းမြစ်တို့တွင် မြစ်ရေများ မြင့်တက်လျက်ရှိကြောင်း ကလေးခရိုင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
ယမန်နေ့ မွန်းလွဲ ၁၂ နာရီခွဲ အချိန်ထိ တိုင်းတာချက်များအရ မိုးရွာသွန်းမှုများအနေဖြင့် ကလေးမြို့တွင် ၀.၁၆ လက်မ၊ ကလေးဝမြို့တွင် ၀.၁၂ လက်မနှင့် မင်းကင်းမြို့တွင် ၀.၃၅ လက်မတို့ရှိခဲ့ပြီး မြစ်သာမြစ်ရေသည် ကလေးမြို့တွင် ၁၀၆၃ စင်တီမီတာ၊ စိုးရိမ်ရေအမှတ်အောက် ၁.၂ ပေတွင်လည်းကောင်း၊ ချင်းတွင်းမြစ်ရေသည် ကလေးဝမြို့တွင် ၁၀၆၃ စင်တီမီတာ၊ စိုးရိမ်ရေအမှတ်အောက် ၁၆ ပေတွင်လည်းကောင်း၊ ချင်းတွင်းမြစ်ရေသည် မင်းကင်းမြို့တွင် ၉၃၈ စင်တီမီတာ၊ စိုးရိမ်ရေအမှတ်အောက် ၁၃.၅ ပေတို့တွင် ရောက်ရှိနေသောကြောင့် မြေနိမ့်ပိုင်းရပ်ကွက်၊ ကျေးရွာနေပြည်သူများအနေဖြင့် ဘေလွတ်ရာ ကြိုတင်ပြောင်းရွေ့နိုင်ရေး သက်ဆ်ိုင်ရာ အဖွဲ့အစည်းများမှ လိုက်လံအသိပေး နှိုးဆော်ပေးလျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)