မြောင်းမြမြို့တွင် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အခမ်းအနားကျင်းပ

မြောင်းမြ  စက်တင်ဘာ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က အ.ထ.က(၆)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြောင်းမြမြို့နယ် ကြက်ခြေနီအသင်းခွဲ၊ အလုပ်အမှုဆောင်အဖွဲ့ဒု-ဥက္ကဋ္ဌ ဦးလှမြင့်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ မြောင်းမြမြို့နယ် ကြက်ခြေနီအသင်း၊ အလုပ်အမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဦးစန်းဝင်းက မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌမှ ပေးပို့သော ကမ္ဘာ့ရှေးဦးသူနာပြုစုခြင်းနေ့ သဝဏ်လွှာအားဖတ်ကြားပေးခဲ့ကြောင်း သိရသည်။ ဆက်လက်၍ စည်းရုံးရေးစွမ်းဆောင်ရည်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။

အဆိုပါအခမ်းအနားကို မြောင်းမြမြို့နယ်ကြက်ခြေနီအသင်းဥက္ကဋ္ဌနှင့် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဇေယျာ (မြောင်းမြ)