အထက်မင်းလှ စက်တင်ဘာ ၁၆
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ မိုးရာသီကာလတွင်ဖြစ်ပွားလေ့ရှိသည့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းကို ယနေ့နံနက် (၈)နာရီခွဲက မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများပူးပေါင်းအဖွဲ့က ဇေယျာသီရိဈေးတွင် ဈေးရောင်းချသူများနှင့် ဈေးဝယ်လာသူပြည်သူများအား ဖြန့်ဝေပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး၏ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများက ဇေယျာသီရိဈေးသို့ သွားရောက်၍ ဈေးသူဈေးသားများနှင့် ဈေးဝယ်လာသူပြည်သူများအား မိုးရာသီကာလတွင်ဖြစ်ပွားသည့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါမဖြစ်ပွားစေရေအတွက် မသန့်ရှင်းသောရေနှင့် မသန့်ရှင်းသောအစားအစာများကို စားသောက်ခြင်းမှရှောင်ကြဉ်ရန်၊ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားလေ့ရှိသည့် အချိန်ကာလနှင့် ရောဂါလက္ခာများ၊ ကြိုတင်ကာကွယ်နိုင်သော နည်းလမ်းများနှင့် ရောဂါဖြစ်ပွားပါက နီးစပ်ရာကျန်းမာရေးဌာနများတွင် အချိန်မီဆေးဝါးကုသမှုခံယူကြရန် စသည့်အကြောင်းအရာများအား ဆွေးနွေးပြောကြားပြီး ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)