မိုင်းယောင်းမြို့နယ်၌ တာဝန်ရှိသူများက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်

မိုင်းယောင်း စက်တင်ဘာ ၁၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် ယမန်နေ့က တာဝန်ရှိသူများနှင့်အတူ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဟိုခုံပရိယတ္တိစာသင်တိုက်ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဂန္ဓရသဝံ​သောအား သွားရောက်ဖူးမြော်ပြီး အာရုံဆွမ်းဆက်ကပ်လှူဒါန်းသည်။

ထို့နောက် အမှတ်(၃)ရပ်ကွက်နှင့် အမှတ်(၄)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသို့သွားရောက်ပြီး ရုံးစစ်ဆေးခြင်းဆောင်ရွက်ပြီး ဝမ်ထန်ကျန့်ကျေးရွာအုပ်စု၊ ဝမ်ထန်ကျန့်ကျေးရွာတွင် ဦးစိုင်းထွန်းမှ အုတ်ထုတ်လုပ်ရန် လိုင်စင်လျှောက်ထားသည့်နေရာအားလည်းကောင်း၊ မုန်းလိုက်ကျေးရွာအုပ်စု၊ မုန်းလိုက်ကျေးရွာတွင် ဦးအိုက်ခမ်းနွမ်းနှင့် ဦးမိုးကျော်တို့မှ သဲထုတ်လုပ်ရန် လိုင်စင်လျှောက်ထားသည့်နေရာအားလည်းကောင်း သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေး၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ခမရ(၃၁၁)တပ်ရင်းရှိ အောင်ဇေယျခန်းမတွင် ပြည်သူ့လုံခြုံရေးသင်တန်းတက်ရောက်မည့်သူများရောက်ရှိသတင်းပို့မှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးဇော်မင်းဆွေ၊ မြို့နယ်ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်မှုကြီးကြပ်နှိမ်နင်းရေးအဖွဲ့ စုစုပေါင်းအင်အား (၇)ဦးဖြင့် သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)