တံတားဦးမြို့နယ်တွင် ရေကြီးနစ်မြပ်မှုကြောင့် မိုးသီးနှံ(၁၆၆၉)ဧက ပျက်ဆီးဆုံးရှုံးမှုဖြစ်ပွား

တံတားဦး စက်တင်ဘာ ၁၆

မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် ပန်းလောင်မြစ်ရေ မြင့်တက်မှုတို့ကြောင့် ကျေးရွာအချို့တွင် မိုးရာသီ၌ စိုက်ပျိုးထားသော သီးနှံ(၁၆၆၉)ဧက ပျက်ဆီးဆုံးရှုံးမှုများ ဖြစ်ပွားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာမှ သိရသည်။

အဆိုပါကျေးရွာများမှာ တံတားဦးမြို့မကွင်း၌ ကွင်းပေါင်း(၃)ကွင်းတွင် စပါး(၂၅)ဧက၊ ပဲမြစ်(၃၄)ဧက ငှက်ပျော(၁၅)ဧက၊ ပန်းယျကျေးရွာ၌ ကွင်းပေါင်း (၃)ကွင်းတွင် ပဲမြစ်(၁၄၁)ဧက၊ ငှက်ပျော (၂)ဧက၊ နွားစာပြောင်း(၁၂)ဧက၊ စကားအင်းကျေးရွာ၌ ကွင်းပေါင်း(၁)တွင်ပဲမြစ်(၂၅၀)ဧက၊ ကြံ(၈၁)ဧက၊ ငှက်ပျော (၃၁)ဧက၊ နွားစာပြောင်း(၆၃)ဧက၊ ဇီးချောင်းကျေးရွာ၌ ကွင်းပေါင်း(၁)ကွင်းတွင် ပဲမြစ်(၂၂)ဧက၊ နွားစာပြောင်း(၈)ဧက၊ သဲမောင်းကန်ကျေးရွာ၌ ကွင်းပေါင်း (၄)ကွင်း မြေပဲ(၂၁)ဧက၊ နေကြာ (၁၀) ဧက၊ ပဲမြစ်(၄၀)ဧက၊ ကြံ(၂)ဧက၊ ငှက်ပျော(၁၁)ဧက၊ နွားစာပြောင်း(၄၉)ဧက၊ နံစားပြောင်း(၂၀)ဧက၊ ကန်ချောကျေးရွာ ၌ ကွင်းပေါင်း(၄)ကွင်းတွင် စပါး(၁၀) ကွင်း၊ မြေပဲ(၂၅)ဧက၊ နေကြာ(၉)ဧက၊ ပဲစဉ်းငုံ (၆)ဧက၊ နွားစာပြောင်း((၁၃၃)ဧက၊ နှံစာပြောင်း(၂၃)ဧက၊ အခြားပဲ(၁၄) ဧက၊ သားများဘကျေးရွာ၌ ကွင်းပေါင်း (၁)ကွင်း မြေပဲ(၁၀)ဧက၊ နေကြာ(၁၀)ဧက၊ နွားစာပြောင်း(၈၉)ဧက၊ နှံစားပြောင်း (၁၂)ဧက၊ အခြားပဲ(၂၇)ဧက၊ ရွှေမိုးမြေကျေးရွာ၌ ကွင်းပေါင်း (၃)ကွင်းတွင် နေကြာ(၁၂)ဧက၊ နှမ်း(၁၀၀) ဧက၊ နွားစာပြောင်း(၂၁၅)ဧက၊ အခြားပဲ(၃)ဧက၊ ထန်းလုံးတပ်ကျေးရွာ၌ ကွင်းပေါင်း (၂)ကွင်းတွင် စပါး(၅၅)ဧက၊ နွားစာပြောင်း(၉၀)ဧကတို့ ပျက်ဆီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

ရဲတင့်(ပြန်/ဆက်)