သရက်ချောင်းမြို့နယ်၌ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း အောင်မြင်စွာကောက်ယူနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

သရက်ချောင်း စက်တင်ဘာ ၁၆

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအောင်မြင်စွာ ကောက်ယူနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် သရက်ချောင်းမြို့နယ်၊ မြို့နယ်သန်ခေါင်းစာရင်းဆိုင်ရာကောက်ယူနိုင်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုး‌ထွေးဦးက သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းသည် နိုင်ငံတော်၏ စီမံချက်ဖြစ်ကြောင်း၊ မြို့နယ်အဆင့်သင်တန်းကို စက်တင်ဘာလ ၁၇ ရက်နေ့မှ ၂၈ ရက်နေ့အထိ ဖွင့်လှစ်ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများအမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ပူးပေါင်းဆောင်ကြရန်လိုကြောင်း၊ မြို့နယ်အတွင်း သန်ခေါင်းစာရင်းကောက်ယူနိုင်ရေးနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် သန်ခေါင်းစာရင်းဆိုင်ရာကောက်ယူနိုင်ရေးအဖွဲ့ဝင်များ၊ ရပ်/ကျေးစာရေးများနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးက သိရှိလိုသည်များကို ရှင်းလင်းဆွေးနွေးခဲ့ရာ မြို့နယ်သန်ခေါင်းစာရင်းဆိုင်ရာကောက်ယူနိုင်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုး‌ထွေးဦးနှင့် ကော်မတီဝင်များက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ပြည့်ဖြိုးပိုင်(ပြန်/ဆက်)