ဒေးဒရဲမြို့နယ်၌ လူငယ်ရေးရာအားကစားအသိပညာပေးဟောပြောပွဲနှင့် စုပေါင်းကိုယ်ကာယလေ့ကျင့်ခန်းများ ဆောင်ရွက်
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများက ထူးချွန်ထက်မြက်သော နိုင်ငံဂုဏ်ဆောင်ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ လူငယ်ရေးရာအားကစားအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီက ကင်မွန်းကုန်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းခွဲ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။