ကြာအင်းဆိပ်ကြီးမြို့တွင် မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက် သင်တန်းဖွင့်လှစ်

ကြာအင်းဆိပ်ကြီး  စက်တင်ဘာ  ၁၇

၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက် သင်တန်းဖွင့်ပွဲအခမ်းအနားကို ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက်ပိုင်းအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားတွင် ကြာအင်းဆိပ်ကြီးခရိုင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မှအဖွင့်  အမှာစကား ပြောကြားပြီး မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းလုပ်ငန်းများအား မြေပြင်များ၌ကွင်းဆင်းသွားရောက်ပြီး အဆင်ပြေစွာဆောင်ရွက်နိုင်စေရေးအတွက် သင်တန်းဖွင့်လှစ်ပို့ချပေးရခြင်းဖြစ်ကြောင်းနှင့် သန်းခေါင်စာရင်းကောက်ယူမှုဆိုင်ရာ အချက်အလက်များ လုပ်ကိုင်ဆောင်ရွက်ရမည့် လုပ်ငန်းဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြားသည်။ 

အထက်ပ်မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းအား စက်တင်ဘာလ ၁၆ ရက်နေ့မှ စတင်ပြီး စတင်ဘာလ ၂၇ ရက်‌နေ့အထိဖြစ်ပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမသင်တန်းသား(၂၈)ဦး တက်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)